အစ္စရေး အထွေထွေရွေးကောက်ပွဲ ကျင်းပရန် လွှတ်တော်တွင် မဲပေး

955
အစ္စရေးပါလီမန်ကို ဖျက်သိမ်းဖို့နဲ့ အထွေထွေရွေးကောက်ပွဲအသစ်တရပ်ကို မတ် ၁၇ ရက်မှာ ကျင်းပဖို့ အစ္စရေးပါလီမန်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က မဲပေးခဲ့ကြပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဘဏ္ဍာရေးဝန်ကြီးနဲ့ တရားရေးဝန်ကြီး ၂ ယောက်ကို သူရဲ့ မူဝါဒတွေကို ဖျက်လိုဖျက်ဆီး လုပ်တယ်လို့ စွပ်စွဲပြီး တာဝန်က ရပ်စဲခဲ့ပြီးနောက်မှာ ခုလိုလုပ်ဆောင်လိုက်တာပါ။
လူနေမှုစရိတ် ကြီးမြင့်နေမှုကို အများပြည်သူ မကျေနပ်မှုအပေါ် မဲဆွယ်လှုပ်ရှားဖို့ အာရုံစိုက်ထားကြတဲ့ ဘက်မလိုက်ပဲ မျှတတဲ့ပါတီတွေက စိန်ခေါ်မှုတွေ တိုးလာခဲ့ပေမယ့် လက်ရှိ ဝန်ကြီးချုပ် နေတန်ယာဟုက သူ့ရဲ့ စတုတ္ထမြောက် သက်တမ်းကို ဆက်လက် အောင်မြင်နိုင်ချေ ရှိနေတယ်လို့ ထင်မြင်ချက်စစ်တမ်းတွေက ဆိုပါတယ်။
နေတန်ယာဟုကတော့ အစိုးရက တန်ဖိုးမြင့်ခွန်နဲ့ ထိန်းချုပ်ထားတဲ့ အခြေခံ စားသောက် ကုန်ဈေးနှုန်းကို ကင်းလွတ်ခွင့် ပေးမယ်လို့ အစည်းအဝေးအတွင်း ကတိပြုထားပါတယ်။
စစ်တမ်းအရ အစ္စရေးနိုင်ငံသားအများအပြားကတော့ ဝန်ကြီးချုပ်ရဲ့ လုံခြုံရေးအပေါ် တင်းမာတဲ့ ရပ်တည်ချက်ကို ကျောထောက်နောက်ခံ ပေးခဲ့ကြလို့ သူသာ ဝန်ကြီးချုပ်အဖြစ် ပြန်အရွေးခံရမယ်လို့ ပြသထားပါတယ်။
ဒါပေမယ့် ဒီဇင်ဘာ ၄ ရက်နေ့က ဂလုပ်ဘ်စ် သတင်းစာစစ်တမ်းအရ လူရေးချန်ပီယံ အလုပ်သမားပါတီက တရားရေးဝန်ကြီးဟောင်း လစ်ဗ်နီနဲ့ ပေါင်းနိုင်မယ်ဆိုရင် ဝန်ကြီးချုပ်ရဲ့ လီကွက်ပါတီကို လွှတ်တော်တွင်း အမတ်ဦးရေ ၂ ယောက်အသာနဲ့ ဦးဆောင် အနိုင်ရမယ်လို့ ဆိုထားပါတယ်။
