Home
သတင်းဓာတ်ပုံ
ပြိုင်ကားနှင့် ပါဝါအိပ်ဇောတပ် ကားများ စည်းကမ်းမဲ့ မောင်းနှင်မှု စစ်ဆေးအရေးယူ
DVB
·
December 9, 2014
10406637_811439635561205_6266762570810942648_n
1506842_811439632227872_2171223029129617282_n
1488818_811439628894539_4166075488759558136_n
1467179_811439625561206_6328090647555202558_n
ရန်ကုန်မြို့တွင်း ပြိုင်ကားနဲ့ ပါဝါအိပ်ဇောတပ် ကားများ ဆူညံစွာ စည်းကမ်းမဲ့ မောင်းနှင်မှုတွေကို ရဲတပ်ဖွဲ့က စီမံချက်ချမှတ်ပြီး ဒီဇင်ဘာ ၅ရက်နေ့က စတင်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီဇင်ဘာ ၉ ရက်နေ့အထိ ၄ရက်အတွင်းမှာ ပြိုင်ကားတွေနဲ့ ပါဝါ အိပ်ဇောတပ် ကားတွေ စုစုပေါင်း ၅၂ စီး ဖမ်းဆီးထားကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အခုဖမ်းဆီးရမိတဲ့ မော်တော်ယာဉ်တွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး ယာဉ်မှတ်ပုံတင်လိုင်စင်ရှိ/မရှိ စိစစ်ကာ ယာဉ်မှတ်ပုံတင်မရှိတဲ့ မော်တော်ယာဉ်တွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သိရပါတယ်။ စစ်ဆေးဖမ်းဆီးရေးဂိတ်တွေကို ကုက္ကိုင်းလမ်းဆုံ၊ ဝေဇယန္တာလမ်းဆုံ၊ ၈မိုင် လမ်းဆုံနဲ့ စော်ဘွားကြီးကုန်းလမ်းဆုံတွေမှာ ထားရှိပြီး ညစဉ် ၉ နာရီကနေ မနက် ၂ နာရီအထိ စစ်ဆေး ဖမ်းဆီးမှုတွေပြုလုပ်နေပြီး လိုအပ်သလို နေရာပြောင်းရွှေ့ ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရဲတပ်ဖွဲ့ကတဆင့် သိရှိရပါတယ်။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော် [gallery ids="73311,73312,73313,73314"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024