A d v e r t i s e m e n t With Us

၁၂ ပွင့်ဆိုင်ဆွေးနွေးရန် ရန်ကုန်တိုင်းလွှတ်တော်တွင် အရေးကြီးအဆိုတင်

ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံမှုအစား ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းတိုက်တွန်း လိုက်ပါတယ်။ YGN Parliment Start 22082014(2တိုင်းရင်းသား ပင်မမျိုးနွယ်စုကြီး ၇ မျိုး ပါဝင်စေမယ့် ခေါင်းဆောင် ၁၂ ဦး ဆွေးနွေးဖို့ တိုင်းဒေသကြီး အစိုးရကတဆင့် ပြည်ထောင်စုအစိုးရသို့ တင်ပြပေးရန် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က အရေးကြီးအဆို တင်သွင်းလိုက်တာပါ။ “တိုင်းရင်းသားအများစု၏ ဆန္ဒသဘောထား ဖြစ်ခြင်း၊ ပိုမိုပြည့်စုံပြီး ပိုမိုလေးနက်၍ ပိုမိုအနှစ်သာရ ရရှိမည်ဟု ယူဆပြီး အနာဂတ်မြန်မာနိုင်ငံအတွက် အထစ်အငေါ့ အခက်အခဲ မရှိစေပဲ သားမြေးမြစ်တွေအတွက် ပန်းခင်းသောလမ်းကို လျှောက်စေနိုင်မယ့် အစီအမံဖြစ်စေမယ်လို့ ယုံကြည်လို့ တင်ပြခြင်း ဖြစ်ပါတယ်။ ၁၂ပွင့်ဆိုင် ၁၂ ဦးဆွေးနွေးမှုမှာလည်း လူဦးရေ မနည်းမများ ပြည့်စုံသော အရေအတွက်အဖြစ် အခြေတည်နိုင်စေရန် စတင်ခြင်းဖြစ်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှု အပိုင်း Political Dialogue ခေါ်သော နိုင်ငံရေးပါတီကိုယ်စားလှယ်များအပိုင်းမှာမူ အဖွဲ့အစည်းအားလုံး အပြည့်အစုံ ပါဝင်ကြရမည်” လို့ ဦးစောထွန်းအောင်မြင့်က ဆိုပါတယ်။ ဆွေးနွေးရာမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ဦးထဲက ၅ ဦးဖြစ်တဲ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် အကြီးအကဲ ၂ ဦး ပါဝင်ဖို့ကို ထောက်ခံတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တဦးအစား တိုင်းရင်းသား ပင်မမျိုး နွယ်စုကြီး ၇ မျိုးဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်း ကိုယ်စားလှယ်တဦးစီ ထည့်သွင်းပြီး ၁၂ ဦး ပါဝင်စေရေး လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ဒီအရေးအကြီးအဆိုနဲ့ ပတ်သက်ပြီးတော့ မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးဖို့ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာ ပြုလုပ်ရေး နိုဝင်ဘာ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ (ကျော်ဇေယျာဝင်းနှင့် သာနိုးဝေတို့ ပူးပေါင်းရေးသားသည်)

A d v e r t i s e m e n t With Us

More News
Up