ကန်လူ့အဖွဲ့အစည်းအတွင်း လူမျိုးရေးခွဲခြားမှုနှင့် ဘက်လိုက်မှု အမြစ်တွယ်ဟု အိုဘားမားပြော

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက အမေရိကန် လူ့အဖွဲ့အစည်းအတွင်း လူမျိုးရေး ခွဲခြားမှုနဲ့ ဘက်လိုက်မှုက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ gty_barack_obama_cdc_ebola_jc_140916_16x9_992အရပ်ဖက်လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတာ လူတွေ နားလည် သင့်တယ်လို့လည်း ပြောပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့က အိမ်ဖြူတော်မှာ BET ကွန်ရက်ကို ခုလို မှတ်ချက်ပြု ပြောဆိုလိုက်တာပါ။ အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ ဖာဂူဆန်မြို့တွေမှာ လူမည်း ၂ ဦးကို ရဲတွေ သတ်ဖြတ်ခဲ့တာကို အကြောင်းပြုပြီး လူမျိုးရေး ဆန္ဒပြပွဲတွေ အမေရိကန်နိုင်ငံမြို့ကြီးတွေမှာ ဆက်လက် ဖြစ်ပွားနေချိန် အိုဘားမားနဲ့ ကွန်ရက်တို့ရဲ့ ပထမဆုံး တယောက်ချင်း လူတွေ့ မေးမြန်းခန်းလည်း ဖြစ်ပါတယ်။ “သတ်ဖြတ်ခဲ့တဲ့ လူဖြူရဲအရာရှိတွေကို ပြည်နယ်ခုံသမာဓိအဖွဲ့တွေက အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ကြတာပါ။ လူမျိုးရေးခွဲခြားမှုဟာ အမေရိကန်လူ့အဖွဲ့အစည်းမှာ လူ့သမိုင်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့တယ်။ ဒါပေမယ့် ဒါကို ဖြေရှင်းဖို့ ၂ ချက်ရှိတယ်။ ပထမအချက်က တိုးတက်မှုတွေ ရှိခဲ့ပြီဆိုတာ နားလည်ရမယ်။ အသိအမှတ်ပြုဖို့ အရေးကြီးတယ်။ လွန်ခဲ့တဲ့နှစ် ၅၀ က ဖြစ်ခဲ့တာတွေနဲ့ အခုဖြစ်တာတွေကို တန်းညှိလို့ မရနိုင်ဘူး။ ပိုကောင်းလာတာကို နားလည်ဖို့ အရေးကြီးတယ်။ ဒါမှ ပိုတိုးတက်လာအောင် လုပ်နိုင်မယ်။ လူငယ်တွေအနေနဲ့ ဘက်လိုက်မှုလို လူမျိုးရေးခွဲခြားမှုလို လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေတာတွေကို ရင်ဆိုင်တဲ့အခါ အချိန်ယူရလိမ့်မယ်။ ဖြည်းဖြည်းမှန်မှန် လက်မလွတ်စတမ်း မရောက်မချင်း ပန်းတိုင်ဆီကို သွားရလိမ့်မယ်”လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up