A d v e r t i s e m e n t With Us

မော်ဒိုက်ကျွန်း ရေအကျပ်အတည်း သက်သာစေရန် တရုတ် ငွေနှင့်ရေ ကူညီပေးပို့

ဓာတ်ပုံ - ရိုက်တာ
[caption id="attachment_73285" align="alignright" width="410"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] တရုတ်အစိုးရဟာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မော်ဒိုက်နိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေဆဲ ရေအကျပ်အတည်း သက်သာစေရေး ကူညီဖို့ ငွေနဲ့ ရေ ပေးပို့လိုက်ပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ဟုတ်လေက ပီကင်းမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ပြောပါတယ်။ မော်ဒိုက်နိုင်ငံကို ရေချိုတွေ ပို့ပေးဖို့ အရေးပေါ်အကူအညီအတွက် စစ်တပ်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို တာဝန်ပေးခဲ့တယ် သီရိလင်္ကာနဲ့ မော်လဒိုက်လ်နိုင်ငံမှာ ရှိတဲ့ တရုတ်ရန်ပုံငွေသုံး လုပ်ငန်းတွေနဲ့ တရုတ်အစိုးရကလည်း စီးပွားရေး လေကြောင်းလိုင်းတွေကို သုံးပြီး  မော်ဒိုက်ကို ရေသန့်ပုလင်း ၈၅ တန် ပို့ပေးခဲ့ပြီးပြီလို့ ပြောပါတယ်။ ရေချိုတန်ချိန် ၄၀ကို တင်ထားတဲ့ တရုတ်စစ်တပ်သုံး ကုန်တင်လေယာဉ် ၂ စီးဟာ  မော်လဒိုက်လ်နိုင်ငံရဲ့ မြို့တော် မာလေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က ရောက်ခဲ့ပါတယ်။ မော်ဒိုက်အစိုးရဟာ မာလေမြို့ရဲ့ အဓိက ရေသန့်စင်စက်ရုံ မီးလောင်ပျက်စီးအပြီး လူ ၁ သိန်းလောက် ဘေးကင်းတဲ့ သောက်ရေပြတ်လပ်နေလို့ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ အမေရိကန်တို့က အကူအညီကို တောင်းခံခဲ့ပါတယ်။ တရုတ်အစိုးရက မော်ဒိုက်အတွက် ရေချိုတန်ချိန် ၁၀၀၀ ပေးဖို့ ကတိပြုထားပြီး ဒီဇင်ဘာ ၆ ရက်နေ့က တန်ချိန် ၂၀ စတင် ရောက်ရှိခဲ့တာပါ။ ရေချိုတန်ချိန် ၉၆၀ နဲ့ ပင်လယ်ရေကနေ ရေချို လုပ်တဲ့စက်တွေကို တင်လာတဲ့ ရေတပ်သင်္ဘောတစီးကိုလည်း မော်ဒိုက်ကို လွှတ်လိုက်ပြီလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up