
မန်ချက်စတာစီးတီးအသင်းရဲ့ ပေါင်သန်း ၂၀၀ တန် လူငယ်လေ့ကျင့်ရေး ဘောလုံးအကယ်ဒမီကို ဒီဇင်ဘာ ၈ ရက်နေ့က စတင် ဖွင့်လှစ်လိုက်ပါတယ်။
လူငယ် အကယ်ဒမီကျောင်းဟာ ဧက ၈၀ ကျယ်ဝန်းပြီး ပရိတ်သတ် ၇ ထောင်ဆန့်ပြီး ပညာရေး ၀န်ဆောင်မှုနဲ့ အားကစား သိပ္ပံ လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ မန်စီးတီးအသင်းရဲ့ အစ်သီဟတ်ဘောလုံးကွင်းမှာ ဖွင့်လှစ်ထားတာပါ။
စီးတီးကို အာရပ်သူဌေး ရှိတ် မန်ဆာ ၂၀၀၈ မှာ ၀ယ်ယူပြီး နောက်ပိုင်း ပထမဆုံးအနေနဲ့ စီးတီးလူငယ်အကယ်ဒမီကို ဖွင့်လှစ်နိုင်တာ ဖြစ်ပါတယ်။
စီးတီး ကစားသမားဟောင်း ဗီအဲရာကတော့ အခုဖွင့်တဲ့ အကယ်ဒီကျောင်းကနေ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး လူငယ်ကစားသမားတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ပြောဆိုသွားပါတယ်။