လီဗာပူးအသင်း၏ အန်းဖီးကွင်း ထိုင်ခုံများ တိုးချဲ့တပ်ဆင်

ဓာတ်ပုံ - ရိုက်တာ
1.5K
[caption id="attachment_73266" align="alignright" width="460"]
ဓာတ်ပုံ - ရိုက်တာ[/caption]
လီဗာပူးအသင်းရဲ့ အန်းဖီးကွင်း တိုးချဲ့ ပြင်ဆင်ရေး လုပ်ငန်းတွေကို ဒီဇင်ဘာလ ၈ ရက်နေ့မှာ စတင် လိုက်ပါတယ်။ ကြိုးကြားနီတို့ရဲ့ အန်ဖီးကွင်းကို ပရိတ်သတ် ၄၅၅၀၀ ဆန့်ရာကနေ ၅၄၀၀၀ အထိ ထိုင်ခုံတွေ တိုးချဲ့ တပ်ဆင်သွားမှာပါ။
ပရီးမီး ယားလိဂ် ချန်ပီယံ ၁၈ ကြိမ် ရဖူးထားတဲ့ လီဗာပူးဟာ ကွင်းတိုးချဲ့ဖို့အတွက် ပြီးခဲ့တဲ့ စက် တင်ဘာလထဲမှာ မြို့တော်ကောင်စီကနေ လုပ်ပိုင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ကွင်း တည်ဆောက်ရေး လုပ်ငန်းတွေကို လာမယ့် ၂၀၁၆၊ ၂၀၁၇ ဘောလုံးရာသီမှာ အဆုံးသတ်ဖို့ မျှော်လင့်ထားပါတယ်။
လီဗာပူးအနေနဲ့ ပရိတ်သတ် ဦးရေကို ၅ သောင်း ၉ ထောင်အထိ ၀င်ဆန့်အောင် လုပ်နိုင်ခဲ့ရင် ဥရောပဘောလုံးအဖွဲ့ချုပ်က စီစဉ်တဲ့ နိုင်ငံတကာ ဘောလုံး ပြိုင်ပွဲတွေကို လက်ခံကျင်းပခွင့် ရမှာ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေက အနည်းဆုံး ပရိတ်သတ် ၅ သောင်းဆန့်တဲ့ ကွင်းအမျိုးအစား ဖြစ်မှ နိုင်ငံတကာပွဲတွေကို လက်ခံ ကျင်းပဖို့ စည်းကမ်း သတ်မှတ်ထားပါတယ်။ ဒါ့အပြင် လီဗာပူးအနေနဲ့ ပြိုင်ဖက်တွေ ဖြစ်တဲ့ မန်ယူရဲ့ ပရိတ်သတ် ၇ သောင်း ၅ ထောင်ဆန်တဲ့ အိုးထရက်ဖို့ကွင်းနဲ့ အာစင်နယ်ရဲ့ ပရိတ်သတ် ၆ သောင်းဆန့်တဲ့ အီမာရိတ်ကွင်းတွေကို အမှီလိုက်နိုင်ဖို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။
