မန်ယူက ဆောက်သမ်တန်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ
Published By
ဇင်မောင် | 9 December, 2014
941
0
Share
0
Comment
0
Likes

ဒီကနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ကြား ပွဲစဉ်မှာ မန်ယူက ဆောက်သမ် တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ မန်ယူက အဝေးကွင်းမှာ ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ဂိုးတွေကို တိုက်စစ်မှူး ဗန်ပါစီ တယောက်တည်းက သွင်းယူတာ ဖြစ်ပါတယ်။
ဆောက်သမ်တန်အတွက်တော့ ၃ ပွဲဆက်တိုက် ရှုံးပွဲတွေ့သွားတာပါ။ မန်ယူဟာ ပထမပိုင်းမှာပဲ လူစားလဲမှု ၂ ကြိမ် ပြုလုပ်ခဲ့ရပါတယ်။ ဒီပွဲမှာ ဆောက်သမ်တန်က ကန်သွင်းခွင့် အခွင့်အရေး ပိုရခဲ့ပြီး မန်ယူက ၃ ကြိမ် ကန်ခွင့်ရတဲ့အထဲမှာ ၂ ဂိုး သွင်းယူနိုင်တာ ဖြစ်ပါတယ်။
ဒီပွဲနိုင်လိုက်လို့ မန်ယူဟာ ၂၀၁၃ သြဂတ်စ်လ နောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ လောလောဆယ် မန်ယူက ၂၈ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၈ မှတ်အကွာမှာ ရပ်တည်နေပါတယ်။