ဒီအန်အေဆေးစစ်ချက်တွေအရ သတ်ဖြတ်မြှုပ်နှံခံခဲ့ရတဲ့ ရုပ်အလောင်းအပိုင်းအစ တခုဟာ ပျောက်ဆုံးနေတဲ့ မက္ကဆီကိုကျောင်းသား ၄၃ ဦးထဲက ၁ ဦးဖြစ်တယ်ဆိုတာကို မက္ကဆီကိုအစိုးရရှေ့နေချုပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က အတည်ပြုပေးလိုက်ပါပြီ။
[caption id="attachment_73255" align="alignright" width="386"]

ဓာတ်ပုံ - Guerrero[/caption]
ပြန်ဖော်ရရှိခဲ့တဲ့ အရိုးစဟာ အလက်ဇန်ဒါ မိုရာ ဆိုတဲ့ကျောင်းသား ဖြစ်တယ်လို့ အစိုးရရှေ့နေချုပ် ဂျီဆပ် မော်ရယ်လ်လို ကာရမ်က မက္ကဆီကိုမြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
ကျောင်းသားမိဘဆွေမျိုးတွေကတော့ တရားမျှတမှုကို ရတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုနေကြပါတယ်။
ကျောင်းသားတွေကို မူးယစ်ဂိုဏ်းတွေက သတ်ဖြတ်မီးရှို့ပြီး ပြာတွေကို မြစ်ထဲ မျှော်လိုက်ပြီလို့ ကာရမ်က ပြောဆိုပါတယ်။
ဒီကျောင်းသားတွေ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူ အားလုံး အယောက် ၈၀ ရှိပါတယ်။
ဒီ ဒီအန်အေ ဆေးစစ်ချက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ထွက်ပေါ်လာတာပါ။ ကျန်တဲ့ ကျောင်းသား ၄၂ ဦးကို ပြန်ရှာမတွေ့မချင်း ဆက်လက်တိုက်ပွဲဝင် တောင်းဆို သွားဦးမယ်လို့ ဆန္ဒပြကျောင်းသားမိဘတဦးက ပြောဆိုပါတယ်။
ဒီကျောင်းသားတွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တောက်လျှောက်ဖိအားပေးခံနေရတဲ့ သမ္မတ ပင်နာညဲရိုးဟာ လွန်ခဲ့တဲ့ ၂ နှစ်က သမ္မတအဖြစ် တက်လာပြီးနောက်ပိုင်း လူထုထောက်ခံမှု အကျဆုံးကို ရောက်ရှိနေတာပါ။
ကျောင်းသားတွေကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့တဲ့ အီဂွာလာ(Iguala) မြို့ဝန်တို့ ဇနီးမောင်နှံဟာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းက မက္ကဆီကိုမြို့တော်မှာ ဖမ်းဆီးခံ ကြရပါတယ်။