Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ကုန်သည်နှင့် ထိုင်းတပ်ဖွဲ့ ပစ်ခတ်၊ ၁ ဦးသေဆုံး
DVB
·
December 8, 2014
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဖာ့လုန်မြို့နယ်မှာ ဒီဇင်ဘာလ ၇ ရက် မနက်က ထိုင်းစစ်တပ်နဲ့ မူးယစ်ကုန်သည်တွေကြား ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ကုန်သည် ၁ ဦးကို မြင်းဆေး ၅ သောင်းနဲ့ အတူ အသေဖမ်းမိတယ်လို့ မယ်ဆိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ [caption id="attachment_73252" align="alignright" width="388"]ဓာတ်ပုံ - maesainewsonline.com ဓာတ်ပုံ - maesainewsonline.com[/caption] အိမ်နီးချင်း တဘက်နိုင်ငံကနေ မူးယစ်ဆေးဝါးတွေ သည်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ အမှတ် ၃၁၀၉ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာလ ၇ ရက် မနက် ၄ နာရီကျော်က မယ်ဖာ့လုံမြို့နယ် မယ့်ဆလောင်းနောက်ကျေးရွာအုပ်စု ဘန့်မယ့်ကျန်းလုန်ရွာအနီး တောအုပ်ထဲကနေ စောင့်ဆိုင်းခဲ့ကြောင်း၊ အချိန်အတန်ကြာ တဲ့အခါ ကျောပိုးအိတ် ကိုယ်စီလွယ်ထားတဲ့ လူတွေ တောင်ကုန်းပေါ်တက်လာတာ တွေ့ရှိရကြောင်း၊ သတ်မှတ်ထားတဲ့ စည်းဝိုင်းထဲကို လူ ၁၀ ဦးလောက် ၀င်ရောက်လာပြီး လူကုန်ပြီလို့ ယူဆတဲ့အတွက် ထိုင်းစစ်တပ်ဘက်က ၀င်ရောက်စစ်ဆေးဖို့ အသံပြုလိုက်တဲ့အခါ မူးယစ်ကုန်သည်တွေဘက်က စတင်ပစ်ခတ်ပြီး နောက်ကြောင်းလှည့် ပြန်ပြေးသွားတယ်လို့ မယ်ဆလောင်းမြို့မရဲစခန်းက ရဲမှူး ပရဖတ် ဖုပ်ဆုဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။ ထိုင်းစစ်တပ်ဘက်က နောက်ထပ်မူးယစ်ရဲတပ်ဖွဲ့တွေ အကူအင်အားဖြည့် ၀င်ရောက်လာကာ ပစ်ခတ်မှု မိနစ် ၂၀ လောက် ကြာမြင့်ခဲ့ကြောင်း၊ မနက် ၇ နာရီအချိန် နယ်မြေ ၀င်ရောက်ရှင်းလင်းရာမှာတော့ အသက် ၄၀ ရွယ် အမျိုးသားတစ်ဦးကို အသေဖမ်းမိကြောင်း၊ သူ့ရဲ့ကျောပိုးအိတ်ထဲမှာ ဒဗလျူဝိုင်တံဆိပ် ရာဘမြင်းဆေး အလုံးရေ ၅ သောင်းကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှူး ကစီဒစ်က ဆက်ပြောပါတယ်။ ဒါ့အပြင် အလောင်းနဲ့ အနီးမှာ လက်ပစ်ဗုံးတစ်လုံး၊ အလောင်းနဲ့ ကိုက် ၂၀၀ အကွာမှာ အေကေ ၄၇ သေနတ်တစ်လက်၊ ကျည်တစ်ထောင့်၊ ပြန့်ကြဲနေသော ကျည်ခွံ ၂၇ လုံးတို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာဟာ မြန်မာနယ်စပ်နဲ့ ၃ ကီလိုခွဲသာ ကွာဝေးပြီး အဲဒီ မူးယစ်ကုန်သည်တွေဟာ တဘက်နိုင်ငံက ၀နီ အဖွဲ့နဲ့ ဆက်စပ်နိုင်တယ်လို့ ရဲမှူး ပရဖတ် ဖုပ်ဆုဝမ်း ရဲ့ အပြောကို ကိုးကားပြီး မယ်ဆိုင်နယူးစ်မှာ ဖော်ပြပါတယ်။ ထိုင်းရတ်သတင်းမှာတော့ ဒီမူးယစ်ကုန်သည်တွေဟာ လားဟူလက်နက်ကိုင်အဖွဲ့က ဖြစ်နိုင်ကြောင်း ချင်းရိုင်းခရိုင်မူးယစ်ရဲအရာရှိတဦးရဲ့ အပြောကို ကိုးကားဖော်ပြထား ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024