ပုလဲဆိပ်ကမ်း ဗုံးကြဲ တိုက်ခိုက်ခံရခြင်း ၇၃ နှစ်ပြည့်အခမ်းအနား ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
1.5K
[caption id="attachment_73249" align="alignright" width="425"]
ဓာတ်ပုံ - ရိုက်တာ[/caption]
ဒုတိယကမ္ဘာစစ်ထဲ အမေရိကန်နိုင်ငံ ပါဝင်လာခဲ့ရတဲ့ ဟာဝိုင်အီကျွန်းရှိ ပုလဲဆိပ်ကမ်း ဗုံးကြဲ တိုက်ခိုက်ခံရခြင်း ၇၃ နှစ်ပြည့်အခမ်းအနားကို ဟာဝိုင်ရီပြည်နယ် ဟိုနိုလူလူမြို့တော်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့ မနက်မှာ ဂျပန်လေတပ်က ပုလဲဆိပ်ကမ်းကို အလစ်အငိုက်ဖမ်း ဗုံးကြဲခဲ့ကြပြီး အမေရိကန်စစ်သားနဲ့ အရပ်သား စုစုပေါင်း ၂၄၀၃ ဦးလည်း သေဆုံးခဲ့တာပါ။
အမေရိကန်စစ်သင်္ဘော ၂၁ စီးဟာလည်း တိုက်လေယာဉ် ၃၂၃ စီးနဲ့အတူ မီးလောင်ပျက်စီးခဲ့ပြီး နစ်မြှုပ်သွားခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်ခံရတဲ့အချိန် မနက် ၇ နာရီ ၅၅ မိနစ်တိတိမှာ အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ ချန်ဟွန်း (USS Chung-Hoon)ဟာ ပရိသတ်ရှေ့ကို ဖြတ်ခုတ်မောင်းခဲ့ပြီး ၁ မိနစ် ငြိမ်သက် အလေးပြုခဲ့ပါတယ်။
အောက်မေ့ဖွယ်အခမ်းအနားကို ဧည့်သည် ၂၅၀၀ ကျော် တက်ရောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြန် ၅၀ ကျော်လည်း ပါဝင်ခဲ့ပါတယ်။