A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာ ကောင်စစ်ဝန်ရုံးဖွင့်မည်

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး
[caption id="attachment_52895" align="alignright" width="425"]ထိုင်းနိုင်ငံရှိ မြန်မာသံရုံး ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံး[/caption] ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မြို့မှာ လာမယ့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်း မြန်မာကောင်စစ်ဝန်ရုံးကို ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။ “ဇန်န၀ါရီလထဲမှာ ဖွင့်ဖို့ ကြိုးစားနေတယ်။ အိမ်လည်း ငှားပြီးပြီး လူတွေလည်း တချို့တ၀က်ရပြီးပေါ့နော်။ ထိုင်းဘက်ကို တင်ဖို့ တချို့အချက်အလက်လေးတွေကျန်သေးလို့ စောင့်နေတယ်။” ဘန်ကောက်သံရုံးမှာ လူများတဲ့အတွက် ချင်းမိုင်ရုံးခွဲ ဖွင့်လိုက်တာ ဖြစ်ပြီး ဒီကောင်စစ်ဝန်ရုံးဟာ ဘန်ကောက်ရှိ မြန်မာသံရုံးနည်းတူ  ၀န်ဆောင်မှုပေးမှာ ဖြစ်တယ်လို့လည်း သံအမတ်ကြီး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up