A d v e r t i s e m e n t With Us

အမေရိကန်လူမည်း ၂ ဦးအသတ်ခံရမှု လူမျိုးရေးဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွား

ဓာတ်ပုံ - ရိုက်တာ
[caption id="attachment_73232" align="alignright" width="438"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ ဖာဂူဆန်မြို့တွေမှာ အမေရိကန်လူမည်း ၂ ဦး ရဲတွေရဲ့ အသတ်ခံရမှုကို အကြောင်းပြုပြီး လူမျိုးရေးဆန္ဒပြပွဲတွေ အမေရိကန်မြို့ကြီးတွေမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။ သတ်ဖြတ်ခဲ့တဲ့ လူဖြူရဲအရာရှိတွေကို သက်ဆိုင်ရာပြည်နယ်ခုံသမာဓိအဖွဲ့တွေက ရဲတွေမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကြောင့် နိုင်ငံတ၀န်းက မြို့ကြီးတွေမှာ သေဆုံးသူပုံစံ လဲလျောင်းဆန္ဒပြပွဲတွေ ကျင်းပနေကြတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့က ဖီလာဒယ်ဖီးယားမြို့ အားကစားကွင်းအပြင်ဖက်မှာ မြို့ခံပြည်သူတွေ ဆန္ဒပြခဲ့ကြပြီး အသတ်ခံခဲ့ကြရတဲ့ မိုက်ကယ်ဘရောင်းနဲ့ အဲရစ်ဂါနာတို့နဲ့ သွေးစည်းညီညွတ်ကြောင်း ပြသခဲ့ကြပါတယ်။ ချီကာဂိုမြို့၊ ၀ါရှင်တန်ဒီစီမြို့တွေမှာလည်း ကားလမ်းဆုံ ပိတ်ဆို့ဆန္ဒပြပွဲတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ မိုင်ယာမီမြို့မှာတော့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က မီယာမီရဲတွေက မြို့ခံတဦး ပစ်သတ်လို့ သေဆုံးခဲ့တဲ့အမှုအတွက်ရော အောက်မေ့ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက လူမည်း ၂ ဦးကို သတ်ခဲ့တဲ့ ရဲတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ တောင်းဆိုနေကြတာပါ။

A d v e r t i s e m e n t With Us

More News
Up