ဆီးရီးယားနိုင်ငံ ဒမာစကတ်မြို့တော်နားက စစ်တပ်နယ်မြေတွေကို အစ္စရေးနိုင်ငံက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဆီရီးယားအစိုးရက စွပ်စွဲခဲ့ပါတယ်။

ဒမာစကတ်ခရိုင် ဒီမတ်စ်မြို့နဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်နားက ပစ်မှတ်ကို အစ္စရေးက တိုက်ခိုက်ခဲ့တာလို့ ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ ထိခိုက်သေဆုံးမှုလည်း မရှိသလို အစ္စရေးဖက်က တုံ့ပြန် ပြောဆိုမှုလည်း မရှိသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုအပြီး ဆီးရီးယားအစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့တာမှာ အစ္စရေးဟာ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးအားမြောက်လုပ်နေတယ်ဆိုတာ ဒီတိုက်ခိုက်မှုတွေကို ကြည့်ရင် သိရှိနိုင်တယ်လို့ ပါရှိပါတယ်။
၂၀၁၁ ဆီးရီးယားနိုင်ငံမှာ အုံကြွမှုတွေ ဖြစ်ပြီးနောက်ပိုင်း ဆီးရီးယားစစ်ရေးပစ်မှတ်တွေ ကို အစ္စရေးက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ဖူးပါတယ်။
တိုက်ခိုက်မှုတိုင်းကို စစ်ရေးအရ တုံ့ပြန်မယ်လို့ ဆီးရီးယားက ပြောဆိုခဲ့မေယ့် စစ်ရေး တုန့်ပြန်မှု မရှိခဲ့ပါဘူး။
၁၉၆၇ ခုနှစ်က ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ကို အစ္စရေးက သိမ်းပိုက်ခဲ့ပြီးကတည်းက အစ္စရေးနဲ့ ဆီးရီးယားဟာ တရားဝင် စစ်ကြေညာထားဆဲနိုင်ငံတွေ ဖြစ်ကြပါတယ်။