Home
သတင်းတို
အနှိပ်ခန်းနှင့် ကေတီဗွီများ တရားဝင်ခွင့်ပြုပေးရန် လွှတ်တော်တွင် တိုက်တွန်း
DVB
·
December 8, 2014
NightClub-KTVရန်ကုန်တိုင်းဒေသကြီးအတွင်းက အနှိပ်ခန်းတွေကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေ ပြဌာန်းပြီး တရားဝင်ခွင့်ပြုပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးသောင်းကျော်က ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။ တဆက်တည်းမှာပဲ ရန်ကင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခင်က ရန်ကုန်တိုင်း အတွင်းက လူနေရပ်ကွက်တွေမှာ ဖွင့်ထားတဲ့ ကေတီဗွီ၊ အနှိပ်ခန်း၊ နိုက်ကလပ်၊ အရက်ဘား၊ ကချေသည်ခန်းမတွေကို နေရာတခုသတ်မှတ်ပြီး တစုတစည်းတည်း ဖွင့်လှစ်ပေးဖို့ အစီစဉ်ရှိ မရှိ မေးမြန်းခဲ့ရာ အစီစဉ်မရှိကြောင်း နယ်စပ်​ရေးရာနှင့်လုံခြုံ​ရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးသောင်းကျော်တင်သွင်းတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အနှိပ်ခန်းတွေကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေ ပြဌာန်းပြီး တရားဝင်ခွင့်ပြုပေးဖို့ တိုက်တွန်းကြောင်းအဆိုကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024