
နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွေကို ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တာမှာ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို အမေရိကန် လက်ဝှေ့သမား ဆိုင်းရပ်က တတိယအချီမှာ အလဲထိုးအနိုင်ရပါတယ်။
ပြည်တွင်းစိန်ခေါ်ပွဲ ၅ ပွဲ နိုင်ငံတကာဖိတ်ခေါ်ပွဲ ၃ ပွဲ စုစုပေါင်း ၈ ပွဲကျင်းပတာမှာ မြန်မာလက်ဝှေ့သမားတွေ မျက်နှာပန်းမလှ ဖြစ်ခဲ့ပါတယ်။ မြန်မာလက်ဝှေ့သမား ကျားပေါက်ကို ထိုင်းလက်ဝှေ့သမား ရယ်ဒယ်က တတိယအချီမှာ အလဲထိုးအနိုင်ရပြီး မြန်မာလက်ဝှေ့သမား ထက်အောင်ဦးနဲ့ ထိုင်းလက်ဝှေ့သမား ဆောင်းထရမ်တို့ သရေကျပါတယ်။
နောက်ဆုံးပွဲစဉ်မှာ အမေရိကန်လက်ဝှေ့သမား ဆိုင်းရပ်စ်က မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို back kick ကန်ချက်နဲ့ တတိယအချီမှာ အလဲထိုးအနိုင်ယူပြီး Air KBZ ရွှေအောင်လံဆုကို ရယူသွားတာဖြစ်ပါတယ်။