ဇီဝလက်နက်တားဆီးပိတ်ပင်ရေး စာချုပ်အဖွဲ့တွင် မြန်မာပါဝင်ကြောင်း ကြေညာ

အမေရိကန်သံအမတ်ကြီး ရောဘတ်ဝုဒ်နှင့် ပည်ထောင်စုဒုဝန်ကြီး ဦးသန့်ကျော် တို့ တွေ့ဆုံစဉ်
မြန်မာနိုင်ငံဟာ ဒီဇင်ဘာ ၁ ရက်မှစပြီး ဇီဝလက်နက်တားဆီးပိတ်ပင်ရေး နိုင်ငံတကာစာချုပ်ရဲ့ ၁၇၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာကြောင်း အစိုးရက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ [caption id="attachment_73197" align="alignright" width="333"]အမေရိကန်သံအမတ်ကြီး ရောဘတ်ဝုဒ်နှင့် ပည်ထောင်စုဒုဝန်ကြီး ဦးသန့်ကျော် တို့ တွေ့ဆုံစဉ် အမေရိကန်သံအမတ်ကြီး ရောဘတ်ဝုဒ်နှင့် ပြည်ထောင်စုဒုဝန်ကြီး ဦးသန့်ကျော် တို့ တွေ့ဆုံစဉ်[/caption] ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီဇင်ဘာလ ၁ ရက်မှ ၅ ရက်နေ့အထိ ကျင်းပတဲ့ ဇီဝလက်နက် တားဆီးပိတ်ပင်ရေးအဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးမှာ တက်ရောက်တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသန့်ကျော်က မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုပါဝင်ကြောင်း လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ကို ပေးအပ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ စာချုပ်ပါအချက်အလက်များ အကောင်အထည်ဖော်ရာမှာ ပိုမိုခိုင်မာမှု ရှိစေဖို့ စာချုပ်ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဒုဝန်ကြီး ဦးသန့်ကျော်က အစည်းအဝေးမှာ ပြောပါတယ်။ ဒီစာချုပ်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဘဲ ကျန်ရှိနေတာပါ။ ခုလို မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံ ဖြစ်လာတဲ့အပေါ် စာချုပ်ထိမ်းသိမ်းတဲ့ နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ယူကေနဲ့ ရုရှားနိုင်ငံတို့က ကြိုဆိုလိုက်ပါတယ်။ အမေရိကန်သံအမတ်ကြီး ရောဘတ်ဝုဒ်က မြန်မာနိုင်ငံက ခုလို အရေးပါတဲ့ ခြေလှမ်း လှမ်းလိုက်တာကို ဂုဏ်ယူ ၀မ်းမြောက်ကြိုဆိုတဲ့အကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ “ဇီဝလက်နက်တွေ ပိုင်ဆိုင်ထားတာနဲ့ အသုံးပြုတာတွေဟာ ရွေးချယ်စရာ မဟုတ်ဘူးဆိုတာကို စာချုပ်မှာ ပါဝင်တဲ့ နိုင်ငံတိုင်းက နိုင်ငံတကာအသိုင်းအ၀န်းနဲ့အတူ သွေး စည်းညီညွတ်ကြောင်း ပြသလိုက်တဲ့ အင်အားရှိစေတဲ့ သတင်းစကားပါပဲလို့ အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် ပြည်တွင်းဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ တခြားသက်ဆိုင်တဲ့ နေရာတွေမှာ အမေရိကန်က အကူအညီပေးသွားဖို့ အသင့်ရှိတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံဟာ ဇီဝလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်မှာ ၁၉၇၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ကတည်းက လက်မှတ်ရေးထိုးထားတာ ဖြစ်ပေမယ့် ခုချိန်မှ အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု ပါဝင်နိုင်ခဲ့တာပါ။ ဒီစာချုပ်မှာ အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up