A d v e r t i s e m e n t With Us

တရုတ်နိုင်ငံရှိ အဝေးပြေးကားလမ်းတွင် ယာဉ် ၅၃ စီး ဆင့်တိုက်၊ ၂ ဦး သေဆုံး

chinaတရုတ်နိုင်ငံ အနောက်တောင်ပိုင်းက စီးချွန်း(Sichuan) ပြည်နယ် အဝေးပြေး ကားလမ်းတခုမှာ ဒီဇင်ဘာ ၇ ရက်နေ့ အစောပိုင်းက ယာဉ် ၅၃ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ နှင်းတွေ ထူထူထပ်ထပ်ကျနေချိန်မှာ ရှေ့ဆုံးကား ၃ စီးက နောက်မီးတွေ မထွန်းထားခဲ့ကြလို့ နောက်ကားတွေက မမြင်ရပဲ ယာဉ်ဆင်ကဲ့တိုက်မှုတွေ ဖြစ်ပွားခဲ့ရတာလို့ သိရပါတယ်။ လူ ၂ ဦးသေဆုံးခဲ့တာအပြင် တခြားလူ ၁၅ ဦးလည်း ဒဏ်ရာရခဲ့ကြတယ်လို့ လမ်းလုံခြုံရေးတွေက ဆိုပါတယ်။ ယာဉ်တိုက်မှုကို ၆ နာရီကြာရှင်းလင်းခဲ့ပြီးမှ အဝေးပြေးလမ်းမကို ပြန်ဖွင့်ပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up