A d v e r t i s e m e n t With Us

Miss Supranational 2014 ပြိုင်ပွဲဝင် မြန်မာအလှမယ် ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိ

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတခုဖြစ်တဲ့ Miss Supranational 2014 ပြိုင်ပွဲမှာ ဆုနှစ်ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မြန်မာအလှမယ် ဟန်သီ ဟာ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။ အလှမယ်ဟန်သီဟာ miss supranational asia and oceania လို့ ခေါ်တဲ့ အာရှတိုက်ရဲ့ အလှဆုံးမယ်ဆုနဲ့ miss internet ဆုတို့ကို ရရှိခဲ့တာပါ။ ဒါ့အပြင် ဟန်သီဝတ်ဆင်ယှဉ်ပြိုင်ခဲ့တဲ့ ကိန္နရီ ဝတ်စုံဟာ best national costume top 10 ထဲမှာ ရွေးချယ်ခံခဲ့ရပါသေးတယ်။ miss supranational ပြိုင်ပွဲတွေဟာ နိုင်ငံတကာ ခရီးသွားလာရေးလုပ်ငန်းတွေ တိုးတက်ဖို့ ရည်ရွယ်ပြီး နှစ်စဉ်ကျင်းပနေတဲ့ပွဲဖြစ်သလို ကမ္ဘာ့ထိပ်တန်းအဆင့် မယ်ပြိုင်ပွဲ ၇ ပွဲထဲမှာ တခု အပါအဝင်ဖြစ်ပြီး အရင်နှစ်က ဒိပြိုင်ပွဲကို မြန်မာအလှမယ် ခင်ဝင့်ဝါ သွားရောက်ယှဉ်ပြိုင်ဖူး ပါတယ်။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော် [gallery ids="73187,73188,73189,73190"]

A d v e r t i s e m e n t With Us

More News
Up