A d v e r t i s e m e n t With Us

တိုက်စစ်မှူး ဖာကာအို ကြံ့ခိုင်မှု မိနစ် ၂၀ ပဲရှိဟု မန်ယူနည်းပြ ပြော

ဓာတ်ပုံ - ရိုက်တာ
[caption id="attachment_73178" align="alignright" width="483"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] တိုက်စစ်မှူး ဖာကာအိုရဲ့ ဘောလုံးကစားဖို့အတွက် ကြံ့ခိုင်မှု အနေအထားက မိနစ် ၂၀ ပဲ ရှိတယ်လို့ မန်ယူနည်းပြ လူးဝစ် ဗန်ဂါက ပြောဆိုလိုက်ပါတယ်။ တိုက်စစ်မှူး ဖာကာ အိုဟာ မန်ယူနိုက်တက် နောက်ဆုံး ကစားတဲ့ ၂ ပွဲမှာ အရန်အဖြစ်နဲ့ ပါဝင် ကစားခဲ့ရပါတယ်။ နည်းပြကတော့ ဖာကာအိုကို ကစားခွင့်ပေးခဲ့ပေမယ့် မိနစ်ပဲ ကြံ့ခိုင်မှု ရှိတယ်လို့ ပြောပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ပေါင်ခြံဒဏ်ရာကနေ ပြန်လည် သက်သာလာပေမယ့်လည်း နောက်ထပ် ဒဏ်ရာ မကြာခဏရပြီး ရုန်းကန်နေရပါတယ်။ ကိုလံဘီယာ တိုက်စစ်မှူးဟာ ဒီနှစ်ရာသီမှာ ပြင်သစ်ကလပ် မိုနာကိုကနေ အငှားစာချုပ်နဲ့ မန်ယူကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up