A d v e r t i s e m e n t With Us

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အကြိုလှုံ့ဆော်ပွဲ ကျင်းပ

[caption id="attachment_73174" align="alignright" width="371"]BoGyaut Aung San 100 ဓာတ်ပုံ - ကိုနေမျိုးဇင်[/caption] ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပနိုင်ဖို့ အကြို လှုံ့ဆော်မှုအနေနဲ့ ရန်ကုန်မြို့ ကန်တော်ကြီး ပန်းခြံမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်မှာ ဒီဇင်ဘာ ၇ ရက်နေ့ ကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို ပြည်သူတွေအားလုံး သတိတရ ရှိစေဖို့နဲ့ လာမယ့် ၂၀၁၅ မှာ တနိုင်လုံးအနှံ့ ဗိုလ်ချုပ်ရာပြည့် အခမ်းအနားတွေကို ကျင်းပနိုင်ဖို့ ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပန်းရဲ့လမ်း ဂီတအဖွဲ့တွေက ဦးဆောင်ပြုလုပ်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာလည်း ပန်းရဲ့လမ်း ဂီတအဖွဲ့က သွားရောက်ဖြေဖျော်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ လုပ်တဲ့ အခမ်းအနားမှာ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ရဟန်းရှင်လူ ပြည်သူတွေအတွက် ၈ စက္ကန့်ငြိမ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် ပွဲတွေအတွက် ကျင်းပရေးကော်မတီဖွဲ့ထားပြီး ရန်ကုန်တိုင်းအတွင်းမှာ ဒီဇင်ဘာ ၁ ရက်စပြီး တေးဂီတ ဖျော်ဖြေပွဲနဲ့ စာပေဟောပြောပွဲတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up