မက်ဆီ ၂၃ ကြိမ်မြောက် ဟက်ထရစ်ဂိုး သွင်းယူ

Messiတိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာက အက်စပန်ညိုကို ၅ ဂိုး ၁ဂိုးနဲ့ အနိုင်ရတဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က လာလီဂါ ပွဲမှာ ဟက်ထရစ်ဂိုးကို သွင်းယူနိုင် လိုက်ပါတယ်။ ဒီဟက်ထရစ် သွင်းဂိုးနဲ့ဆိုရင် မက်ဆီဟာ ဘာစီလိုနာအတွက် ဂိုးပေါင်း ၄ ရာ မြောက်ကို သွင်းယူနိုင်တာ ဖြစ်ပါတယ်။ ပြိုင်ဖက် ရော်နယ်ဒိုက ဒီဇင်ဘာလ ၆ ရက်နေ့က ပွဲမှာ ၂၃ ကြိမ်မြောက် ဟက်ထရစ်ဂိုး သွင်းယူအပြီးမှာ မက်ဆီလည်း ဟက်ထရစ် သွင်းယူနိုင်တာ ဖြစ်ပါတယ်။ ဒီနှစ်ရာသီမှာ လက်ရှိအချိန်အထိတော့ ရော်နယ်ဒို သွင်းဂိုး ၂၉ ဂိုးနဲ့ ဦးဆောင်နေပြီး မက်ဆီက သွင်းဂိုး ၂၀နဲ့ နောက်မှာ ရှိနေပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုဟာ ဒီနှစ်ရာသီအတွက် ဖီဖာကပေးအပ်မယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆန်ခါတင် ၃ ယောက်စာရင်းမှာလည်း ပါဝင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up