A d v e r t i s e m e n t With Us

ဒီဇင်ဘာ ၇ ရက်နေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ရလဒ်များ

english-premier-league-technology-social-mediaတနင်္ဂနွေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ၀က်စ်ဟမ်းနဲ့ အက်စတွန်ဗီလာတို့ အနိုင်ရသွားပါတယ်။ ၀က်စ်ဟမ်းက အိမ်ကွင်းမှာ ဆွမ်ဆီကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရတာပါ။ အနိုင်ဂိုးတွေကို ကာရိုးက ၂ ဂိုးနဲ့ ဆာခိုက ၁ ဂိုးနဲ့ သွင်းယူပါတယ်။ တိုက်စစ်မှူး ကာရိုးအတွက်တော့ ပြီးခဲ့တဲ့ မတ်လ နောက်ပိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ဂိုးသွင်းယူနိုင်တာ ဖြစ်ပါတယ်။ ဒီပွဲနိုင်လို့ ၀က်စ်ဟမ်းက ၂၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၉ မှတ်အကွာမှာ ရှိနေပါတယ်။ အက်စတွန်ဗီလာကတော့ အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ လက်ဆက်စတာကို အနိုင်ရသွားတာပါ။ ဗီလာဟာ ဒီနှစ်ရာသီ အိမ်ကွင်း ပွဲစဉ်မှာ ဒုတိယမြောက် အနိုင်ရတာ ဖြစ်ပါတယ်။ ဒီပွဲနိုင်လို့ အက်စတွန်ဗီလာဟာ ၁၉ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာကို တက်လှမ်းသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up