ဆီရာယာလီယွန်နိုင်ငံမှာ အီဘိုလာရောဂါသည်တွေကို ဆေးကုသပေးရင်း ရောဂါကူးစက်ခဲ့တဲ့ ကျူးဘားဆရာဝန်ဟာ ရောဂါပျောက်ကင်းသွားလို့ ကျူးဘားနိုင်ငံကို မနေ့က ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
[caption id="attachment_73160" align="alignright" width="300"]

ဆရာဝန် Felix Baez[/caption]
သူ့ကို ကျူးဘားကျန်းမာရေးဝန်ကြီးနဲ့ မိသားစုဝင်တွေက ကြိုဆိုခဲ့ကြပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ဆေးရုံမှာ ၁၆ ရက်ကြာ ဆေးကုသမှု ခံယူခဲ့ပြီး ရောဂါကင်း စင်ခဲ့ပြီလို့ ဆေးရုံအာဏာပိုင်တွေက ဒီဇင်ဘာ ၅ ရက်နေ့မှာ ကြေညာခဲ့တာပါ။
အသက် ၄၃ နှစ်ရှိ ဆရာဝန် Felix Baez ဟာ အနောက်အာဖရိကမှာ အီဘိုလာရောဂါကုသမှုပေးနေတဲ့ ကျူးဘားဆေးဝန်ထမ်း ၂၅၆ ဦးထဲက တဦးဖြစ်ပါတယ်။
သူ့ကို ကနေဒါနိုင်ငံရဲ့ အီဘိုလာစမ်းသပ်ဆေး ZMab ဆေးနဲ့ စမ်းသပ်ကုသပေးပြီး ပျောက်ကင်းခဲ့တာပါ။
ကမ္ဘာ့နိုင်ငံကြီးတချို့ကတောင် အီဘိုလာရောဂါကုသရေးဆေးဝန်ထမ်းတွေ စေလွှတ်ဖို့ လက်တွန့်နေချိန်မှာ ကျူးဘားနိုင်ငံက တချိန်တည်းမှာ ဆေးဝန်ထမ်း အများဆုံးစေလွှတ်တဲ့နိုင်ငံဖြစ်ပါတယ်။
အခုနှစ်အတွင်း အိုဘိုလာရောဂါနဲ့ သေဆုံးသူ ၆၀၀၀ ကျော်ခဲ့ပြီး ကုသရေဆေးဝန်ထမ်း ၁၀၆ ဦးသေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိပ်ခ်ျအို) က ဒီဇင်ဘာ ၅ ရက်နေ့မှာ ကြေညာပါတယ်။ အဲဒီနေ့မှာပဲ ဆီရီယာလီယွန်နိုင်ငံက ဆရာဝန် ၂ ဦး အီဘိုလာရောဂါနဲ့ သေဆုံးခဲ့ကြပါတယ်။