A d v e r t i s e m e n t With Us

လွတ်လပ်စွာ ကလေးနို့တိုက်ခွင့်ပြုရေး လန်ဒန်မြို့တွင် ဆန္ဒပြ

လန်ဒန်မြို့မှာ ကလေးမိခင်တွေဟာ လွတ်လပ်စွာ ကလေးနို့တိုက်ခွင့်အတွက် မြို့လယ် ဇိမ်ခံ ဟိုတယ်တလုံးရဲ့ အပြင်ဘက်မှာ မနေ့က ဆန္ဒပြကြပါတယ်။ Untitled-5 copyဟိုတယ် ၀န်ထမ်းတဦးက မိခင်တဦးကို ကလေးနို့တိုက်တဲ့အခါ လုံလုံခြုံခြုံ ဖြစ်ဖို့  ပြောဆိုခဲ့တဲ့ ကိစ္စကို ကန့်ကွက်တဲ့ အနေနဲ့ အခုလို ဆန္ဒပြကြတာပါ။ ပြီးခဲ့တဲ့အပတ်က ကလဲရိတ် (Claridge) ဟိုတယ်ရဲ့ ၀န်ထမ်းက  ကလေးနို့တိုက်နေတဲ့  လူစီဘန်း ဆိုတဲ့ မိခင်ကို ကလေးနို့တိုက်နေတာ မပေါ်အောင် ပုဝါနဲ့ ဖုံးဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၃၅ နှစ်အရွယ် လူစီဘန်းက ဒီလို အပြောခံရတဲ့အတွက် အံ့သြ စိတ်ပျက်ရတယ်လို့ ပြောပါတယ်။ ဟိုတယ်ဝန်ထမ်းက ဒီလို ပြောတာကလည်း ကလဲရိတ်ဟိုတယ်ရဲ့ စည်းကမ်းအရ ဖြစ်နေတာကြောင့် အခု ဆန္ဒပြနေတဲ့ မိခင်တွေက ဟိုတယ်ရဲ့ စည်းကမ်းကိုပါ ပြုပြင်ပေးဖို့ တောင်းဆိုနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up