A d v e r t i s e m e n t With Us

ဂရိနိုင်ငံတွင် ဆန္ဒပြသူ ၁၀၀ ခန့် ဖမ်းဆီးခံရ

ဂရိနိုင်ငံ အေသင်မြို့မှာ ဒီဇင်ဘာ ၆ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဟာ ၀ရုန်းသုန်းကား အခြေအနေ ဖြစ်ခဲ့ပြီးနောက် ဆန္ဒပြသူ ၁၀၀ နီးပါး အဖမ်းခံလိုက်ရပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်က ရဲက အသက် ၁၅ နှစ်အရွယ် အလက်ဇန်းထရိုစ် ဂရီဂိုရိုပိုးလက် ကို သတ်ဖြတ်ခဲ့မှု နှစ်ပတ်လည်အနေနဲ့ ဆန္ဒပြတာဖြစ်ပါတယ်။ greeceအဲဒီ အဖြစ်အပျက်ကြောင့် ၂၀၀၈ ခုနှစ်တုန်းကလည်း ဂရိမှာ မငြိမ်သက်မှုတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ ဆန္ဒပြပွဲမှာတော့ ရဲအဖွဲ့နဲ့ ဆန္ဒပြသမားတွေဟာ အေသင်မြို့ လမ်းမပေါ်မှာ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတာပါ။ ဆန္ဒပြသမားတွေက တုတ်တွေ ကိုင်ထားပြီး ရဲတွေဘက်ကို ကျောက်တုံးတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့သလို၊ ရဲကလည်း မျက်ရည်ယို ဗုံးတွေနဲ့ ပြန်ပစ်ခဲ့ပါတယ်။ ဆူပူသူတွေက ဆိုင်ခန်းတွေ၊ ဘဏ်ရဲ့ ပြတင်းတံခါးတွေကိုလည်း ချိုးဖျက်ခဲ့ပြီး အမှိုက်ပုံကိုလည်း မီးရှို့ခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ လူအင်အား ၆၀၀၀ ပါဝင်ပါတယ်။ အခုဆန္ဒပြပွဲဟာ ဂရိနိုင်ငံမှာ အစိုးရရဲ့ ခြိုးခြံချွေတာရေးအစီအစဉ်ကြောင့် လူတွေ မကျေမနပ်ဖြစ်နေချိန်နဲ့လည်း အချိန်ကိုက် ဖြစ်ပါတယ်။ အစိုးရအသုံးစရိတ်ကို လျှော့ချတဲ့ အစီအစဉ်ကြောင့် တိုင်းပြည်ထဲမှာ အလုပ်လက်မဲ့ ပြဿ   နာနဲ့ ဆင်းရဲမွဲတေမှုကလည်း အခြေအနေ ပိုဆိုးနေပါတယ်။ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နိုင်တာကြောင့် မြို့ထဲမှာ ရဲအင်အား ၈၀၀၀ ၀န်းကျင် ချထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up