A d v e r t i s e m e n t With Us

မြန်မာ အသက် ၁၂ နှစ်အောက်လူငယ် အဆင့် ၈ နေရာရရှိ

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ Supermokh Cup ယူ ၁၂ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲမှာ မြန်မာ လူငယ်အသင်းဟာ အဆင့် ၈ နေရာ ရရှိခဲ့ပါတယ်။ supermokh 600-400 1ဒီပြိုင်ပွဲမှာ အသင်း ၁၆ သင်းပါဝင်ခဲ့တာ ဖြစ်သလို အဆင့် ၇ နေရာအတွက် မလေးရှားလူငယ် အသင်းနဲ့ ယှဉ်ပြိုင်ရာမှာ ပွဲချိန် မိနစ် ၉၀ အတွင်း ၂ ဂိုးစီ သရေကျနေတဲ့ အတွက် ပင်နယ်တီကန်သွင်းရာမှာ မြန်မာ လူငယ်အသင်းက ၅ ဂိုး ၆ ဂိုးနဲ့ ရှုံးနိမ့်သွားတာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မြန်မာလူငယ်အသင်းက ထိုင်းအသင်းကို ၂-၃ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ဒီနောက်မှာတော့ အဆင့်သတ်မှတ်ချက်အတွက် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာမှာ ခရိုးအေးရှားက ဒိုင်နမို ဇာဂရက် လူငယ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ခရိုအေးရှား၊ စပိန်၊ စင်ကာပူ၊ ဥဇဘက်ကစ္စတန်၊ တောင်ကိုးရီးယား၊ ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားက လူငယ်ဘောလုံးအသင်းတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up