A d v e r t i s e m e n t With Us

အစ္စလာမ်ဝါဒီစစ်သွေးကြွ ၇ ဦးကို အီဂျစ်တရားရုံး သေဒဏ်ချမှတ်

အီဂျစ် တရားရုံးတခုက ထင်ရှားတဲ့ အစ္စလာမ်ဝါဒီ စစ်သွေးကြွ အဒဲ ဟာဘာရာ အပါအ၀င် လူ ၇ ဦးကို ဒီဇင်ဘာ ၆ ရက်နေ့က သေဒဏ်ချမှတ်လိုက်ပါတယ်။ 7 deadမနှစ်က ဆိုင်နိုင်း ကျွန်းဆွယ်ဒေသမှာ ရဲ ၂၅ ယောက်ကို သတ်ဖြတ်မှုအတွက် သူတို့မှာ  အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်တာပါ။ ၂၀၁၃ က ကိုင်ရိုမြို့မှာ အစိုးရက သပိတ်စခန်း ၂ ခုကို ဖြိုခွင်းခဲ့ပြီနောက်မှာ သြဂုတ်လထဲမှာ ဆိုင်နိုင်း ကျွန်းဆွယ်ဒေသမှာ ရဲအရာရှိတွေ တိုက်ခိုက်ခံရပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ လူ ၇ ဦးကို သေဒဏ်ပေးတဲ့အပြင် ၂၅ ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ်ကနေ တသက်တကျွန်း ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရသူတွေထဲက ၁၉ ဦးပဲ ခုံရုံး ရှေ့မှောက်ကို ထွက်ခဲ့တယ်လို့ တရားရုံး သတင်းအရင်းအမြစ်က ပြောပါတယ်။ အစ္စလာမ်ဝါဒီ သမ္မတ မော်စီကို ရာထူးကနေ ဖြုတ်ချမှု စီစဉ်ခဲ့ပြီး မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ဝင်တွေနဲ့ ထောက်ခံသူတွေကို နှိမ်နင်းခဲ့တဲ့  လက်ရှိသမ္မတ အဒဲ ဖာတာ့ အယ်စီစီဟာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့တဲ့ ဆိုင်းနိုင်း ဒေသမှာ အစ္စလာမ်ဝါဒီတွေရဲ့ သောင်းကျန်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အစ္စလာမ် စစ်သွေးကြွတွေရဲ့ လက်ချက်ကြောင့် မနှစ် နွေရာသီနောက်ပိုင်းမှာ လူ ၅၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက ရဲနဲ့ စစ်သားတွေ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up