A d v e r t i s e m e n t With Us

ပြန်ပေးဆွဲခံ ဆွစ်ဇာလန်နိုင်ငံသား စစ်သွေးကြွအစောင့်ကိုသတ်ပြီး ထွက်ပြေးလွတ်မြောက်

လိုရမ်ဇို ဗင်ချီဂီအဲရာ ဆေးရုံပေါ်တွင်ကုသမှုခံယူနေစဉ်
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက အဘူဆာရက်ဖ် (Abu Sayyaf) စစ်သွေးကြွတွေရဲ့ ပြန်ပေးဆွဲခံရတဲ့ ဆွစ်ဇာလန်နိုင်ငံသား လိုရမ်ဇို ဗင်ချီဂီအဲရာ (Lorenzo Vinciguerra) ဟာ သူ့ရဲ့အစောင့်သူပုန်ကို သတ်ဖြတ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့က ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ [caption id="attachment_73109" align="aligncenter" width="566"]လိုရမ်ဇို ဗင်ချီဂီအဲရာ ဆေးရုံပေါ်တွင်ကုသမှုခံယူနေစဉ် လိုရမ်ဇို ဗင်ချီဂီအဲရာ ဆေးရုံပေါ်တွင်ကုသမှုခံယူနေစဉ်[/caption] ဖိလစ်ပိုင်စစ်တပ်နဲ့ သူပုန်တွေကြား တိုက်ပွဲဖြစ်နေချိန်ကို အခွင့်ကောင်းယူပြီး အစောင့်ဓားကိုလု၊ ခုတ်သတ် ထွက်ပြေးထွက်မြောက်ခဲ့တာလို့ ပြောပါတယ်။ ဓားအလုမှာ သတ်ပုတ်ကြရင်း လိုရမ်ဇို ဗင်ချီဂူအဲရာ ရဲ့ဘယ်ဖက်ပါးမှာ ဒဏ်ရာရခဲ့တယ်လို့ ဖိလစ်ပိုင်တပ်မှူး ဗိုလ်မှူးကြီး အလန် အာရိုဂျဒို (Allan Arrojado) က ပြောဆိုပါတယ်။ အသက် ၄၉  ရှိ ဆွစ်ဇာလန်ကျေးငှက်ကြည့်ဓာတ်ပုံဆရာ လိုရမ်ဇို ဗင်ချီဂူအဲရာ ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဖိလစ်ပိုင်တောင်ပိုင်းမှာ ငှက်ကြည့်ရင်း ပြန်ပေးဆွဲခံခဲ့ရတာပါ။ လိုရမ်ဇိုက သူ့ကို ကယ်တင်ခဲ့သူအားလုံးကို ကျေးဇူးတင်ရှိတယ်လို့ ပြောဆိုပြီး မိသားစုနဲ့အတူ ခရစ္စမတ်ပွဲ ပြန်ဆင်နွှဲချင်တယ်လို့ သူ့ကို ဆေးကုသပေးနေတဲ့ ဆူလူစစ်ဆေးရုံက ပြောဆိုပါတယ်။ တိုက်ပွဲအတွင်း သူပုန် ၅ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဖိလစ်ပိုင်စစ်တပ်က ဆိုပါတယ်။ သူပုန်တွေဟာ တခြားနိုင်ငံခြားသားတွေနဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို ပြန်ပေးဆွဲထားဆဲဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလက ဂျာမန်နိုင်ငံသား ၂ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဘူဆာရက်ဖ် သူပုန်တွေဟာ ခရစ်ယာန်လူများစုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ မွတ်စလင်ပြည်နယ်ခွဲထွက်ရေးတောင်းဆိုနေတဲ့ အကြမ်းဖက်သမားတွေဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up