ပြန်ပေးဆွဲခံ အမေရိကန်သတင်းထောက်နှင့်အာဖရိကကျောင်းဆရာ သေဆုံး

အမေရိကန်သတင်းထောက်နှင့်အာဖရိကကျောင်းဆရာ (၀ဲမှယာ)
904
အာရေးဘီးယားကျွန်းဆွယ် အယ်လ်ကိုင်းဒါးအဖွဲ့ရဲ့ ပြန်ပေးဆွဲခံခဲ့ရတဲ့ အမေရိကန်သတင်းထောက်ကို ကယ်ထုတ်ဖို့ ဒုတိယအကြိမ်ကြိုးစားမှုလည်း မအောင်မမြင်ဖြစ်ပြီး အကြမ်းဖက်သမားတွေ ပစ်သတ်တဲ့ ဒဏ်ရာနဲ့ မနေ့က သေဆုံးခဲ့ပါတယ်။
[caption id="attachment_73101" align="alignright" width="316"]
အမေရိကန်သတင်းထောက်နှင့်အာဖရိကကျောင်းဆရာ (၀ဲမှယာ)[/caption]
ဗြိတိန်နိုင်ငံဖွား အမေရိကန်သတင်းထောက် Luke Somers နဲ့အတူ တောင်အာဖရိ ကန်ကျောင်းဆရာ Pierre Korkie လည်း သူတို့ကို ကယ်ထုတ်တဲ့ စစ်ဆင်ရေးအတွင်း အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေက ပစ်သတ်ခဲ့ကြတာပါ။
၂ ဦးလုံးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပေမယ့် အပြန်လမ်း မှာ သေနတ်ဒဏ် ရာတွေနဲ့ သေဆုံးခဲ့ကြတာပါ။
ရီမင်တောင်ပိုင်း Shabwa ပြည်နယ်မှာ စစ်ဆင်ရေးလုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်သမားတွေကိုလည်း နှိမ်နင်းနိုင်ခဲ့တယ်လို့ ယီမင်အစိုးရက ပြောပါတယ်။
Luke Somers နဲ့ တခြားဓားစာခံတွေကို ကယ်ထုတ်ဖို့ အမေရိကန်သမ္မတ အိုဘာမားက ညွှန်ကြားခဲ့တာပါ။
အမေရိကန်နဲ့ ယီမင်အထူးတပ်ဖွဲ့တွေ ပထမတကြိမ်လည်း ကယ်ထုတ်ဖို့ သွားရောက်ခဲ့ပေမယ့် Luke Somers ကို မတွေ့ခဲ့လို့ တွေ့ရှိတဲ့ တခြားနိုင်ငံတွေက ဓားစာခံတွေကို ကယ်ထုတ်ခဲ့ပါသေးတယ်။
တောင်အာဖရိကကျောင်းဆရာ Pierre ကို ပြန်လွှတ်ပေးဖို့ အားလုံးအဆင်သင့်ဖြစ်ချိန်မှာ ဒီစစ်ဆင်ရေးကြောင့် အစီအစဉ်တွေ ပျက်သွားခဲ့တယ်လို့လည်း သူပြန်လွတ်ရေး တဖက်က စေ့စပ်နေတဲ့ လူမှုရေးအဖွဲ့အစည်းတခုက ပြောဆိုပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးကတော့ ဘယ်လိုပဲဖြစ်ဖြစ် Luke Somers ဟာ မကြာခင်သတ်ဖြတ်ခံရတော့မှာမို့ ကယ်ထုတ်ဖို့ ကြိုးစားခဲ့တာလို့ ကာကွယ်ပြောဆိုပါတယ်။
၂၀၁၃ ခုနှစ်က သူတို့ ၂ ဦးလုံး ရီမင်နိုင်ငံမှာ ပြန်ပေးဆွဲခံခဲ့ရပြီး အာရေးဘီးယားအယ်လ်ကိုင်းဒါးတွေကို ရောင်းစားခံရတယ်လို့ ယုံကြည်ရပါတယ်။
အာရေးဘီးယားကျွန်းဆွယ် အယ်လ်ကိုင်းဒါးအဖွဲ့ဟာ အမေရိကန်နိုင်ငံက အကြမ်းဆုံးလို့ သတ်မှတ်ထားတဲ့ အယ်လ်ကိုင်းဒါးအဖွဲ့ခွဲတခုဖြစ်ပါတယ်။