ဒီဇင်ဘာ ၆ ရက်နေ့ညက ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က လေဗာကူ ဆန်ကို ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ တောင်ပံသမား ရီဘာရီက အသင်းအတွက် ဂိုးပေါင်း ၁၀၀ မြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။

အိမ်ကွင်းမှာ ကစားတဲ့ ဒီပွဲမှာ အသင်းခေါင်းဆောင် ဖိလစ်လန်းက လွဲလို့ ဘိုင်ယန်က ရော်ဘင်၊ ရီဘာရီတို့နဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပါတယ်။
တလုံးတည်းသော အနိုင်ဂိုးကို ရီဘာရီ ၅၁ မိနစ်မှာ သွင်းယူပါတယ်။ ဒီဂိုးဟာ ပြင်သစ်လက်ရွေးစင် ရီဘာရီအတွက် ဘိုင်ယန်အတွက် ကစားပေးတဲ့ ပွဲပေါင်း ၂၈၇ ပွဲမှာ ဂိုးပေါင်း ၁၀၀ မြောက်ကို သွင်းယူနိုင်တာ ဖြစ်ပါတယ်။
နိုင်ပွဲဆက်တဲ့ ဘိုင်ယန်ဟာ ၃၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက ၀ု့စ်ဘာ့ကို ဒီတပတ်မှာ ၇ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။