ဟောင်ကောင်ကျောင်းသားခေါင်းဆောင် အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်း

1.4K
နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရကို ဖိအားပေးဖို့ ၄ ရက်ကြာ အစာငတ်ခံဆန္ဒပြ နေခဲ့တဲ့ ဟောင်ကောင်က ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင် ကျော့ရွှာဝေါင်က အစာငတ်ခံ ဆန္ဒပြတာကို ရပ်ဆိုင်းလိုက်ပါတယ်။
ဆရာဝန်ရဲ့ တားမြစ်ချက်ကြောင့် ရပ်ဆိုင်းလိုက်တာ ဖြစ်သလို ရုပ်ပိုင်းဆိုင်ရာ မအီမသာဖြစ်တာ၊ ကိုယ်လက်တွေ အားနည်းပင်ပန်းခဲ့တယ်လို့ အသက် ၁၈ နှစ်အရွယ် ဝေါင်က ပြောပါတယ်။
အစာငတ်ခံဆန္ဒပြတာ ရပ်သွားပေမယ့် ဟောင်ကောင်အစိုးရက သူတို့ တောင်းဆိုချက်တွေကို လျစ်လျူရှုဖို့ ဆိုလိုတာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က ဆန္ဒပြတာကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီးတဲ့နောက် ဝေါင်နဲ့ အတူ အမျိုးသမီး ကျောင်းသူ ၂ ဦးက အစာငတ်ခံ ဆန္ဒပြမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဝေါင်နဲ့ အတူ အစာငတ်ခံဆန္ဒပြတဲ့ ကျောင်းသူ တဦးက ဒီဇင်ဘာ ၅ ရက်နေ့မှာ အစာငတ်ခံ ဆန္ဒပြတာကို ရပ်ဆိုင်းလိုက်ပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ကလည်း အသက် ၁၇ နှစ်အရွယ် အစာငတ်ခံဆန္ဒပြတဲ့ ပရင့်ဝေါင်ကိုလည်း ဆရာဝန်ရဲ့ အကြံပေးချက်ကြောင့် ဆေးရုံတင်ခဲ့ရပါတယ်။