A d v e r t i s e m e n t With Us

ရော်နယ်ဒို ၂၃ ကြိမ်မြောက် ဟက်ထရစ်ဂိုး သွင်းယူ

တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ရီရဲလ်မက်ဒရစ်က ဆဲလ်တာဗစ်ဂိုကို အနိုင်ရတဲ့ပွဲမှာ ၂၃ ကြိမ်မြောက် ဟက်ထရစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ronaldoအိမ်ကွင်း ဘာနေဗျုးကွင်းမှာ ဆဲလ်တာဗစ်ဂိုကို အနိုင်ရတဲ့ပွဲမှာ ရော်နယ်ဒိုက ရီရဲလ်အတွက် အနိုင်ဂိုး ၃ ဂိုးစလုံး သွင်းယူပြီး လာလီဂါမှာ တင်ထားတဲ့ ဟက်ထရစ် စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လာလီဂါမှာ ရီရဲလ်အသင်းရဲ့ ဂန္ထ၀င် တိုက်စစ်မှူးဖြစ်တဲ့ ဒီစတီဗာနို တင်ထားတဲ့ ၂၃ ကြိမ်မြောက် ဟက်ထရစ်ဂိုးစံချိန်နဲ့ တူညီသွားပြီ ဖြစ်ပါတယ်။ အခု နိုင်ပွဲဟာ ရီရဲလ်အတွက် ဒီနှစ်ရာသီထဲမှာ ၁၈ ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။ အသက် ၂၉  နှစ်အရွယ် ရော်နယ်ဒိုဟာ ဖီဖာကပေးအပ်မယ့် ဒီနှစ်ရာသီအတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရဖို့ ရေပန်းစားတဲ့ ၃ ယောက် စာရင်းမှာ ပါဝင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up