တိုင်ဖွန်းမုန်တိုင်း ဖိလစ်ပိုင်အရှေ့ပိုင်း စတင်ဝင်ရောက်

မုန်တိုင်းမ၀င်မီ ဒီဇင်ဘာ ၅ ရက်နေ့က ပြည်သူတွေကို ဘေးလွတ်ရာမှာ နေရာချထားစဉ်
744
Hagupit တိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းကို ဒီနေ့ စတင်ဝင်ရောက်နေပြီး လေပြင်းတိုက်နှုန်း တနာရီ မိုင် ၁၂၀ ကျော်ပါတယ်။
[caption id="attachment_73084" align="aligncenter" width="500"]
မုန်တိုင်းမ၀င်မီ ဒီဇင်ဘာ ၅ ရက်နေ့က ပြည်သူတွေကို ဘေးလွတ်ရာမှာ နေရာချထားစဉ်[/caption]
၁ နာရီကို ၁၆ ကီလိုမီတာနှုန်းနဲ့ ရွေ့လျားနေတာကြောင့် ဒီနှုန်းနဲ့ဆို ဖိလစ်ပိုင်နိုင်ငံကနေ ပြန်ထွက်တဲ့အထိ ၃ ရက်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။
ရွေ့လျားနှုန်း အလွန်နှေးတဲ့ မုန်တိုင်းဖြစ်တယ်လို့ ပြောဆိုကြပြီး အဲ့ဒါကြောင့် အပျက်အစီးပိုများမှာကို စိုးရိမ်နေကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံ လူဦးရေတ၀က် မုန်တိုင်းဒဏ်ခံရမှာဖြစ်ပါတယ်။ အရင်တနှစ် ဟိုင်ယန်မုန်တိုင်းလမ်းကြောင်းအတိုင်း ၀င်ရောက်တာဖြစ်တဲ့အတွက် မိုးသည်းထန်ပြီး လှိုင်းကြီးမယ်လို့ မိုးလေ၀သ အေဂျင်စီက သတိပေးထားပါတယ်။
ဒါကြောင့် ပင်လယ်အနီးက မြေနိမ့်ပိုင်းတွေ နောက်တကြိမ် အန္တရာယ်ကျရောက်တာလည်းဖြစ်ပါတယ်။
ကမ်းရိုးတမ်းဒေသနဲ့ မြေပြိုကျမှုဖြစ်နိုင်တဲ့နေရာတွေကနေ အနည်းဆုံး လူပေါင်း ၁ သန်းလောက်ကို ဘေးကင်းရာမှာ ပြောင်းရွှေ့ထားရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာပဲ ဟိုင်ရန်မုန်တိုင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်ပြည်သူ ၇ ထောင်ကျော် သေဆုံးခဲ့တာပါ။
မနီလာမြို့တော်ကိုတော့ ဒီဇင်ဘာ ၈ ရက်နေ့ ၀င်ရောက်မှာဖြစ်ပြီး ရေကြီးရေလျှံမယ်လို့ သတိပေးထားပါတယ်။