ဒီနေ့ည အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့ ချဲလ်ဆီးလ် အသင်းဟာ နယူးကာဆယ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပြီး ပထမဆုံး အရှုံးပွဲကို ရင်ဆိုင်လိုက်ရပါတယ်။

နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ၂၀၁၃-၁၄ ခုနှစ် ဘောလုံးရာသီ ၁၅ ပွဲမြောက်မှာ အခုလို အရှုံးကို ရင်ဆိုင်လိုက်ရတာ ဖြစ်ပါတယ်။
ပထမပိုင်း တဖက်နဲ့ တဖက် အပြန်အလှန် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ အကြိတ်အနယ် ဖြစ်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ နယူးကာဆယ်အသင်းအတွက် ဆီဆေးက ၅၇ မိနစ်မှာ ၁ ဂိုးနဲ့ ၈၁ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့ပြီး ၂ ဂိုးနဲ့ ဦးဆောင်ပါတယ်။
ဒီနောက် နယူးကာဆယ်နောက်နောက်ခံလူ တိုင်လာ အဖျက်ကြမ်းတဲ့အတွက် ၂ ၀ါ ၁ နီနဲ့ ဒိုင်က ထုတ်ပယ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ချဲလ်ဆီးက တောက်လျှောက် ဖိကစားခဲ့ပြီး ချေပဂိုးကို ဒရော့ဘာက ၈၃ မိနစ်မှာ သွင်းယူသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ၁၀ ယောက်ကျန် နယူးကာဆယ်ကို ဖိကစားခဲ့ပေမယ့် ဂိုးကံခေတဲ့အတွက် ဂိုးမရဖြစ်ခဲ့ပါတယ်။ ဒီအတွက် ချဲလ်ဆီးအသင်းဟာ ၁၅ ပွဲကစား ၃၆ မှတ်နဲ့ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေပါတယ်။ ချဲလ်ဆီးအသင်းနောက်က မန်စီးတီးအသင်းကတော့ ၁၄ ပွဲကစား အမှတ် ၃၀ ရရှိထားပါတယ်။
ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် ဒုတိယနေရာက မန်စီးတီးအသင်းဟာ အဲဗာတန် အသင်းကို အနိုင်ရမယ်ဆိုရင်တော့ အမှတ်ကွာဟချက် ၃ မှတ်ပဲရှိတော့မှာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းကတော့ လက်ရှိ ၁၅ ပွဲကစားပြီး ၂၃ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။