A d v e r t i s e m e n t With Us

မြန်မာယူ ၁၂ ထိုင်းအသင်းကို ရှုံးနိမ့်

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ Supermokh Cup ယူ ၁၂ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မြန်မာလူငယ်အသင်းက ထိုင်းအသင်းကို ၂-၃ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ supermokh 600-400 1ဒီပြိုင်ပွဲ အုပ်စုပွဲစဉ်မှာတုန်းက မြန်မာအသင်းဟာ တောင်ကိုရီးယားကို ၈-၂ ဂိုး၊ အင်ဒိုနီးရှားကို ၆ ဂိုးပြတ်၊ မလေးရှား Panthea လူငယ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အနိုင်ရရှိသွားတဲ့ ထိုင်းအသင်းဟာ  ဘင်္ဂလားဒေ့ရှ် ယူ ၁၂ နဲ့  ဆယ်ဗီလာလူငယ်အသင်းတို့က အနိုင်ရရှိတဲ့အသင်းနဲ့ မနက်ဖြန် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ယူ ၁၂ လူငယ်ပြိုင်ပွဲမှာ အိမ်ရှင် မလေးရှား၊ ထိုင်း၊ ကိုရီးယားနဲ့ စပိန်လာလီဂါကလပ် ဆယ်ဗီလာရဲ့ လူငယ်အသင်း အပါအ၀င် ၁၆ သင်းကို အုပ်စု (၄) ခု ခွဲပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဒီပြိုင်ပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ဒီဇင်ဘာ ၅ ရက်ကနေ ၇ ၇က်နေ့အထိ ယှဉ်ပြိုင်မှာပါ။

A d v e r t i s e m e n t With Us

More News
Up