တိုကျိုမြို့ တက္ကသိုလ်တွင် မြန်မာနိုင်ငံအပြောင်းအလဲ ဦးမင်းကိုနိုင် ဟောပြော
ဇော်ဇော်လှိုင်
·
December 6, 2014
ဂျပန်နိုင်ငံကိုရောက်နေတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က တိုကျိုမြို့က နာမည်ကြီး ဆိုဖီယာ တက္ကသိုလ်မှာ လက်ရှိ မြန်မာနိုင်ငံအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဒီနေ့ ဟောပြောခဲ့ပါတယ်။
ဟာပြောပွဲကို ဂျပန်တက္ကသိုလ်တွေက ပါမောက္ခတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအပါအ၀င် ၂၀၀ နီးပါး တက်ရောက် နားထောင်ခဲ့ကြပါတယ်။
တက်ရောက်လာသူတွေက လက်ရှိမြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အခြေအနေတွေကို အထူးစိတ်ဝင်တစားမေးမြန်းခဲ့ကြသလို ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အထူးစိတ်ဝင်တစား မေးမြန်းခဲ့ကြပါတယ်။
ဦးမင်းကိုနိုင်က အပြောင်းအလဲမှာ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေး နှစ်ခုတွဲစဉ်းစားကြဖို့နဲ့ ဂျပန်-မြန်မာနှစ်နိုင်ငံ အစိုးရချည်းမဟုတ်ပဲ ပြည်သူတွေ အချင်းချင်း ပိုပြီးနီးကပ်ထိတွေ့ဖို့ လိုအပ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
ဦးမင်းကိုနိုင်ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေချိန်အတွင်း ဂျပန်နိုင်ငံရဲ့ အထင်ကရ ငြိမ်းချမ်းရေးအမှတ်တရ ဟီရိုရှီးမားအပါအ၀င် ရှေးဟောင်းမြို့ တော် ကျိုတိုမြို့ တွေကို လေ့လာခဲ့ပြီး ဂျပန်လွှတ်တော်အမတ်တွေ အပါအ၀င် ဂျပန်နိုင်ငံရဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေခဲ့ပါတယ်။
ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ ဒီဇင်ဘာ ၇ ရက်နေ့ တွေ့ဆုံပြီးနောက် ဒီဇင်ဘာ ၈ ရက်နေ့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
[gallery ids="73062,73061,73060,73059"]