A d v e r t i s e m e n t With Us

ပင်တဂွန်အကြီးအကဲအဖြစ် အက်ရှ်တွန်ကာတာကို အိုဘားမား ရွေးချယ်

အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက နိုင်ငံရေး၊ စက်မှုလုပ်ငန်း ကဏ္ဍမှာ အရှိန်အဝါကြီးတဲ့ အက်ရှ်တွန်ကာတာကို ကာကွယ်ရေး ၀န်ကြီးအဖြစ် ရွေးချယ်လိုက်ပါတယ်။ [caption id="attachment_73055" align="alignright" width="346"]U.S. President Obama puts his arm around former Pentagon official Carter after nominating Carter to be his next defense secretary, at the White House in Washington သမ္မတ အိုဘားမားနှင့် အက်ရှ်တွန်ကာတာ[/caption] အသက် ၆၀ နှစ်အရွယ်ကာတာကို အိုဘားမားက ချီးကျူးပြောဆိုလိုက်ပြီး လွှတ်တော်က အတည်ပြုရင်တော့ ၀န်ကြီးဟောင်း ချပ်ဟေဂယ်လ်နေရာကို အစားထိုးနိုင်မှာ ဖြစ်ပါတယ်။ ချပ်ဟေဂယ်လ်ကတော့ ဖိအားတွေများတဲ့အတွက် အရင်သီတင်းပတ်က ရာထူးက နုတ်ထွက် သွားခဲ့ပါတယ်။ ရင်ဆိုင်နေရတဲ့ ဗျူဟာကျ စိန်ခေါ်မှုတွေရဲ့ လေးနက်မှုနဲ့ အမေရိကန်တွေအတွက် ရှိနေတဲ့ တောက်ပတဲ့ အခွင့်အရေး အတွက် အိုဘားမားကမ်းလှမ်းချက်ကို လက်ခံတာလို့ ကာတာက ပြောပါတယ်။ ကာတာကို ရွေးချယ်ခဲ့ပြီး  ချောမွေ့တဲ့ ပြောင်းလဲမှု ဖြစ်ဖို့ အတွက် ဟေဂယ် ဖုန်းကနေတဆင့် ဆက်သွယ်ခဲ့ပါတယ်။ ကာတာကိုရွေးချယ်တာကို ထောက်ခံတယ်လို့လည်း သူက ပြောပါတယ်။ ရွေးချယ်ခံရရင်တော့ အစ္စလာမ်မစ်စစ်သွေးကြွတွေအပေါ် ဆင်နွဲနေတဲ့ လေကြောင်းတိုက်ပွဲ အာဖဂန်နစ္စတန်က အမေရိကန် စစ်တပ်တွေ ပြန်လည် နောက်ဆုတ်ရေး အီရန် နျူကလီးယားအရေးနဲ့ တရုတ်ရဲ့ ကြီးထွားလာတဲ့ စစ်ရေးတွေနဲ့ ပတ်သက်ပြီး ကာတာက တာဝန်ယူ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဆင်မြင့် လက်နက်တွေ ကျွမ်းကျင်မှုနဲ့ စစ်ရေး အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ကာတာက နာမည်ကောင်းရထားသလို အပြောင်းအလဲသမားအဖြစ်သူကိုယ်သူ ကာတာက ပုံဖော်လေ့ရှိပါတယ်။ ၂၀၁၁-၁၃ ခုနှစ်အထိ လက်ထောက် ကာကွယ်ရေး ၀န်ကြီးအဖြစ် ထမ်းဆောင်ခဲ့သလို တခြား ပင်တဂွန်က ထိပ်တန်းရာထူးတွေကိုလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူတဦးဖြစ်ပါတယ်။ ဒါပေမယ်မယ့်လည်း စစ်ပွဲ ဗျူဟာတွေနဲ့ ပတ်သက်ရင်တော့ အတွေ့အကြုံနည်းသလို စစ်တပ်မှာ တာဝန်မထမ်းဆောင်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up