A d v e r t i s e m e n t With Us

တရုတ် ကျောင်းသူ ၃ ဦးကို ပြည့်တန်ဆာအဖြစ် ခိုင်းစေသူ ၂ ဦး ဖမ်းဆီးခံရ

ယွမ်ရှန်းမင်ဇု အလယ်တန်းကျောင်းက ကျောင်းသူအချို့
တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ် ယွန်ရှန်းမြို့နယ်မှာ အထက်တန်းကျောင်းသူ ၃ ဦးကို  ပြည့်တန်ဆာအဖြစ် အတင်းလုပ်ခိုင်းခဲ့တယ်ဆိုတဲ့ သံသယနဲ့ လူ ၂ ဦးကို ရဲတွေက ဖမ်းထားတယ်လို့ အာဏာပိုင်တွေက ဒီဇင်ဘာ ၄ ရက်နေ့ အတည်ပြုပါတယ်။ [caption id="attachment_73025" align="aligncenter" width="532"]ယွမ်ရှန်းမင်ဇု အလယ်တန်းကျောင်းက ကျောင်းသူအချို့ ယွမ်ရှန်းမင်ဇု အလယ်တန်းကျောင်းက ကျောင်းသူအချို့[/caption] ယွမ်ရှန်းမင်ဇု အလယ်တန်းကျောင်းက ကျောင်းသူတွေကို ပြည့်တန်ဆာ အတင်းလုပ်ခိုင်းခဲ့တယ်ဆိုတဲ့ သတင်းရအပြီး နိုဝင်ဘာ ၂၀ ရက်နေ့က သံသယရှိသူ ၂ ဦးကို ရဲကဖမ်းထားပြီး နောက်တဦးကိုလည်း လိုက်ရှာနေတယ်လို့ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ၂ ရက်နေ့က ကျောင်းသူ ၂ ဦး ပျောက်ဆုံးပြီးနောက် ဒီအမှုပထမဆုံး ဖြစ်ခဲ့တယ်လို့ ကျောင်းအုပ်ကြီး ချန်ဟီရှင်းက ပြောပါတယ်။ မိန်းကလေးတွေကို ပြန်တွေ့ချိန်မှာ သူ့ကျောင်းက ကျောင်းသူ ၁၀ ကျော်ကိုလည်း အတင်းခေါ်ဆောင်ခံရတယ်လို့ ကျောင်းသူတွေက ပြောတယ်လို့ ဆိုပါတယ်။ ကျောင်းသူ အတော်များများကို စားသောက်ဆိုင်မှာ စားဖို့ ခေါ်သွားခဲ့ပြီးနောက် ကာရာအိုကေ ဘားဆီကို ခေါ်သွားခဲ့တာပါ။ အဲဒီနောက် ယောက်ျားတွေက ကျောင်းသူအတော်များများကို အခန်းငယ်တွေထဲကို ခေါ်သွားခဲ့တယ်လို့ ကျောင်းသူတွေက ပြောပါတယ်။ ကျောင်းအုပ်ကြီးကတော့ ကျောင်းသူ ၃ ယောက် မုဒိမ်းကျင့်ခံရတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ ဒီအမှုကို နောက်ထပ် စုံစမ်းစစ်ဆေးနေဆဲလို့ ရဲက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up