A d v e r t i s e m e n t With Us

နာလန်ထ ဂန္တ၀င်ဘောလုံးသမား ပီလီ ပရိသတ်ကို ကျေးဇူးတင်

ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါကို ဆေးရုံမှာ ကုသခံနေတဲ့ ဘရာဇီလ်းနိုင်ငံ ဂန္တ၀င်ဘောလုံးသမား ပီလီက ဗွီဒီယိုကနေတဆင့် ပရိသတ်ကို ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်ပါတယ်။ _79544053_pelefacebookသူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့ ကမ္ဘာတ၀န်းလုံးက ပရိသတ်တွေကို ကျေးဇူးတင် စကား ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် သက်သာလာပါပြီ၊ ဒီနေရာမှာ ကျနော်မိသားစုနဲ့ အတူ ရှိနေပါတယ်။” ဗွီဒီယိုမှာ ပီလီက ဂီတာတီးနေတာနဲ့ စတင်ထားပြီး အင်္ဂလိပ် ပေါ်တူဂီ ၂ ဘာသာနဲ့ ပြောဆိုထားပါတယ်။ ကမ္ဘာဖလားကို ၃ ကြိမ်ရယူပေးခဲ့တဲ့ အသက် ၇၄ နှစ် အရွယ် ပီလီကို နိုဝင်ဘာ ၂၄ ရက်နေ့က ဆာပေါ်လိုက အဲလ်ဘတ်အိုင်းစတိုင်း ဆေးရုံကို တင်ခဲ့ရတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ ကျောက်ကပ်က ကျောက်ကို ဖယ်ရှားဖို့ ခွဲစိတ်ခဲ့ရာကနေ အခုလို ကူးစက်ရောဂါ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်တွေကလည်း ပီလီအခြေအနေက တိုးတက်လာပြီး ရောဂါ ကူးစက်တဲ့ လက္ခဏာမရှိတော့ဘူးလို့ ထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up