ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာ့မဟာဂီတဖျော်ဖြေပွဲ




2.3K
တိုကျို အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်က ဖိတ်ခေါ်မှုနဲ့ ဂျပန်မှာရောက်ရှိနေတဲ့ ရန်ကုန်အမျိုးသား ယဉ်ကျေးနဲ့ အနုပညာတက္ကသိုလ်က ဧည့်ပါမောက္ခ စန္ဒယား ဆရာဦးရည်နွယ်နဲ့အဖွဲ့ဟာ ဆိုင်းတမ ခရိုင် ဆိုင်တမ ယဉ်ကျေးမှုစင်တာမှာ ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းက ဖျော်ဖြေခဲ့ပါတယ်။
မြန်မာ့မဟာဂီတဖျော်ဖြေပွဲကို ဧည့်ပါမောက္ခ စန္ဒယား ဆရာဦးရည်နွယ်နဲ့အတူ အနုပညာပါရဂူဘွဲ့ ကျမ်းပြု စောင်းပညာရှင် ဒေါ်စုဇာဇာ၊ ယဉ်ကျေးမှုဌာနက ဒေါ်စန်းစန်းအေး၊ ဦးသန်းဇော်၊ ဦးသန်းထိုက်တို့က အဆိုအက ပါဝင်အားဖြည့်ပေးခဲ့ပါတယ်။
လျှပ်ပန်းခွေနွဲ့အပါအ၀င် မဟာဂီတသီချင်းတွေနဲ့ တင်ဆက်ခဲ့ရာမှာ အနုပညာချစ်မြတ်နိုးတဲ့ ဂျပန်လူမျိုးတွေ အပါအ၀င် ဂျပန်ယဉ်ကျေးမှု တက္ကသိုလ်ကပါမောက္ခတွေ၊ ဂျပန်ရောက်မြန်မာနိုင်ငံသား ပရိသတ်တွေက အထူးစိတ်ဝင်စားနှစ်ခြိုက်ခဲ့ကြပါတယ်။
[gallery ids="73010,73011,73012,73013"]