A d v e r t i s e m e n t With Us

လုံခြုံရေး အကြီးအကဲဟောင်းကို တရုတ် ထိန်းသိမ်း

ဇူးယောင်ကိုင်
တရုတ်နိုင်ငံက လုံခြုံရေး အကြီးအကဲဟောင်း ဇူးယောင်ကိုင်ကို ဖမ်းဆီးလိုက်ပြီး တရုတ်ကွန်မြူနစ်ပါတီက ထုတ်ပယ်လိုက်တယ်လို့ အစိုးရပိုင် သတင်းတွေက ဒီနေ့ ထုတ်ပြန်ပါတယ်။ [caption id="attachment_73007" align="alignleft" width="340"] ဇူးယောင်ကိုင် ဇူးယောင်ကိုင်[/caption] ဇူးယာ ပါတီနဲ့ တိုင်းပြည်ရဲ့ လျှို့ဝှက်ချက် ကို ပေါက်ကြားခဲ့သလို ငွေကြေး အမြောက်အမြားကို မိသားစုနဲ့ သူ့အတွက် လက်ခံခဲ့တယ်ဆို တာ တွေ့ရှိခဲ့တယ်လို့ ဆင်ဟွာ သတင်းက ရေးပါတယ်။ ဆယ်စုနှစ် ၃ ခုအတွင်း တရုတ်နိုင်ငံမှာ အမြင့်ဆုံးရာထူးရယူခဲ့သူ တဦးကို တရားစွဲဆိုဖို့ လုပ်ဆောင်ချက် တခုဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က တရုတ်ရဲ့ အာဏာရှိ ပေါ်လစ်ဗျူရို ကော်မတီကနေ အနားယူခဲ့ပြီး အကျင့်ပျက်ချစားမှုနဲ့ စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။ ဖမ်းဆီးဖို့ ဆုံးဖြတ်ချက်ဟာ ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပတဲ့ ပေါ်လစ်ဗျူရို အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖင်လို ပါတီရဲ့ အတွင်းပိုင်းခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up