မလေးရှားကို ၄-၁ ဂိုးဖြင့် အနိုင်ယူပြီး မြန်မာယူ ၁၂ ကွာတားဖိုင်နယ် တက်ရောက်

1.2K
မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ Supermokh Cup ယူ ၁၂ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲမှာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာလူငယ်အသင်းက မလေးရှား Panthea လူငယ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီအတွက် မြန်မာ အသင်းဟာ ကွားတာဖိုင်နယ်ပွဲစဉ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။ ကွာတားဖိုင်နယ်မှာ တဖက်အုပ်စုက ဘင်္ဂလားဒေ့ရှ် ယူ ၁၂၊ ထိုင်းကလပ် ချွန်ဘူရီ၊ ဒါမှမဟုတ်၊ ဆယ်ဗီလာလူငယ်အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဒီဇင်ဘာ ၅ ရက်နေ့ နှစ်ပွဲကစားရာမှာ နှစ်ပွဲလုံး ဂိုးပြတ်တွေနဲ့ နိုင်ထားပါတယ်။ မနက်ပိုင်းမှာ ကိုရီးယားကလပ်လူငယ်အသင်းကို ၈ ဂိုး ၂ဂိုး၊ ညနေပိုင်းမှာ အင်ဒိုနီးရှား Saint Prima Academy က လူငယ်အသင်းကို ၆ ဂိုး ပြတ်နဲ့ နိုင်ထားပါတယ်။
ယူ ၁၂ လူငယ်ပြိုင်ပွဲမှာ အိမ်ရှင် မလေးရှား၊ ထိုင်း၊ ကိုရီးယားနဲ့ စပိန်လာလီဂါကလပ် ဆယ်ဗီလာရဲ့ လူငယ်အသင်း အပါအ၀င် ၁၆ သင်းကို အုပ်စု (၄) ခု ခွဲပြီး ပါဝင်ယှဉ်ပြိုင်နေတာပါ။
ဒီပြိုင်ပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ဒီဇင်ဘာ ၅ ရက်ကနေ ၇ ၇က်နေ့အထိ ယှဉ်ပြိုင်မှာပါ။
