အင်ဒိုနီးရှားတွင် အိမ်လုပ်အရက်ကြောင့် ၂၉ ဦး သေဆုံး

793
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်းက စူမေဒန် ဂရွတ် ဒီပေါ့ခ်နဲ့ ဘိုဂေါ ခရိုင်တွေမှာ အိမ်လုပ်အရက်တွေကို သောက်အပြီး အနည်းဆုံး လူ ၂၉ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက အစီရင်ခံ ပါတယ်။
အရက်သောက်အပြီး လူ ၆၁ ဦးကျော်ကို စူမေဒန် ဒေသခံဆေးရုံ တင်ပို့ခဲ့ရတယ်လို့ အင်ဒိုနီးရှား အမျိုးသားသတင်းအေဂျင်စီ က ပြောပါတယ်။
ဆေးရုံတင်ခဲ့ရတဲ့အထဲက လူ ၁၀ ဦး သေဆုံးပြီး ၄၅ ဦးက ဆေးရုံမှာ ကုသခံနေရဆဲ လို့ ဒေသခံမီဒီယာက ပြောပါတယ်။
ဘိုဂေါက လူ ၂ ဦးလည်း အိမ်လုပ် အရက်တွေဘေး မှာ သေနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားမှာ မိုးရာသီကြောင့် ရာသီဥတုပိုအေးလာတဲ့အတွက် အရက်ဝယ်လိုအား မြင့်တက်နေတာကြောင့် ဈေးတက်ခဲ့လို့ ဈေးချိုတဲ့ အိမ်လုပ် ချက်အရက်တွေဟာ လူကြိုက်များတဲ့ ရွေးချယ်စရာ ဖြစ်နေတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
ဆူမေဒန် ရဲဌာနချုပ်မှာ မီဒီယာတွေကို အရက်ပုလင်းတွေ ခင်းကျင်းပြသအပြီး အရက်ချက်တဲ့အတွက် တာဝန်ရှိသူတွေကို ရဲတွေက ဖမ်းပြီးပြီလို့ ဒေသခံမီဒီယာက အစီရင်ခံခဲ့ ပါတယ်။