A d v e r t i s e m e n t With Us

အိန္ဒိယနယ်စပ် စစ်စခန်းတခုကို စစ်သွေးကြွများ တိုက်ခိုက်၊ ၁၀ ဦး သေဆုံး

အိန္ဒိယနဲ့ပါကစ္စတန်နယ်စပ် အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားပြည်နယ်မှာ စစ်သွေးကြွတွေက အိန္ဒိယ စစ်တပ်စခန်းထဲကို ဒီဇင်ဘာ ၅ ရက်နေ့က ခိုးဝင်ခဲ့ပြီး ကတုတ်ကျင်းထဲက စစ်သားနဲ့ ရဲ ၁၀ ဦးကို သတ်ခဲ့ပါတယ်။ ဒါဟာ ပါကစ္စတန်ကလည်း ပိုင်တယ်လို့ အငြင်းပွားနေတဲ့ ဟိမဝန္တာဒေသမှာ အချိန် ၁ နှစ်ကျော် အတွင်း အဆိုးရွားဆုံး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဆုံးရှုံးမှု ဖြစ်ပါတယ်။ လတ်တလောသီတင်းပတ်တွေအတွင်း တိုက်ခိုက်မှုတွေဟာ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ Indian army soldiers search for suspected militants as smoke rises from a bunker after a gunbattle at Mohra, in Uriစီးပွားရေးတိုးတက်ဖို့ အာရုံစိုက်နေတဲ့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီက လုံခြုံရေးခြိမ်းခြောက်မှုတွေကို ဘယ်လို ဖြေရှင်းလဲဆိုတဲ့ စမ်းသပ်ချက်လည်း ဖြစ်ပါတယ်။ ဒီလအတွင်း နိုင်ငံခြားတပ်အများစုက အာဖဂန်နစ္စတန်က ပြန်ဆုတ်မှာဖြစ်လို့ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွတွေက ကက်ရှ်မီးယားကို အာရုံစိုက်လာမှာ အိန္ဒိယက အဆိုးရွားဆုံး ကြောက်ရွံ့နေတာပါ။ စစ်သွေးကြွတွေက အမြောက်တပ်ပတ်လည်က ဝိုင်ယာ ခြံစည်းရိုးကို ဖြတ်တောက် ဝင်လာခဲ့ပြီး ဗုံးသီးလောင်ချာနဲ့ ကတုတ်ကျင်းထဲက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တာလို့ စစ်တပ်အရာရှိတဦးက ပြောပါတယ်။ နာရီအတော်ကြာ အပြန်အလှန်တိုက်ပွဲအတွင်း စစ်သွေးကြွ ၆ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ရုံး ဒုဝန်ကြီး ဂျစ်တန်ဒြာ ဆင်းဂ်ကတော့ ပြည်နယ်အတွင်း မဲပေးမှုကို နှောင့်ယှက်ဖို့တိုက်တာလို့ ပြောပါတယ်။ ဒီလအတွင်း ပဋိပက္ခဖြစ်ပွားနေပြီး ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့တဲ့ ပြည်နယ်ရဲ့ ရွေးကောက်ပွဲအတွက် ထောင်သောင်းချီနေတဲ့ ပြည်သူတွေ မဲပေးခဲ့ကြပြီးပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဟိန္ဒူ အမျိုးသားရေးဝါဒီပါတီဟာ ဟိန္ဒူဘာသာဝင်တွေ ကြီးစိုးတဲ့ ဂျမူးနဲ့ ဗုဒ္ဓဘာသာဝင်တွေ များတဲ့ လာဒက်ခ်ပြည်နယ်တွေမှ မဲတွေရပေမယ့် ကက်ရှ်မီးယားမှာ မဲနိုင်ဖို့က အသည်းအသန် ဖြစ်နေတာပါ။ မွတ်စလင်အများစုဖြစ်တဲ့ ကက်ရှ်မီးယား ပြည်နယ်အတွင်း ခွဲထွက်ရေးနဲ့ လွတ်လပ်ရေးယူဖို့ အတွေးအခေါ်တွေ မြင့်မားနေပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆော်သြထားပြီး အိန္ဒိယအစိုးရကလည်း ၆၇ နှစ်ကြာ အငြင်းပွားမှုကိုဖြေရှင်းဖို့ ပါကစ္စတန်အစိုးရနဲ့ ဆွေးနွေးဖို့ တိုက်တွန်းပါတယ်။ ပါကစ္စတန်ကတော့ ဗြိတိန်က အိန္ဒိယကို အုပ်ချုပ်စဉ်က ပိုင်းကန့်ထားခံရတဲ့ ကက်ရှ်မီးယားဒေသကို သူတို့ပိုင်အဖြစ် ထည့်သွင်းသင့်တယ်လို့ ပြောပါတယ်။ အိန္ဒိယကတော့ ငြင်းဆန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up