A d v e r t i s e m e n t With Us

နှစ် ၂၀ ချေးငွေဖြင့် တန်ဖိုးနည်း အိမ်ရာဝယ်ခွင့်ပြုရေးအဆို ရှုံးနိမ့်

ဒေါက်တာ ညိုညိုသင်း
နှစ် ၂၀ ချေးငွေနဲ့ တန်ဖိုးနည်း အိမ်ရာဝယ်ခွင့်ပြုအရေးအဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတင်သွင်းရာ ရှုံးနိမ့်သွားပါတယ်။ [caption id="attachment_72971" align="alignright" width="300"]ဒေါက်တာ ညိုညိုသင်း ဒေါက်တာ ညိုညိုသင်း[/caption] ရန်ကုန်တိုင်း​ဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူ​ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာတွေဟာ အခြေခံလူတန်းစားတွေ လက်လှမ်းမမီလောက် တဲ့ ဈေးတွေ ဖြစ်နေ လို့ ပြည်တွင်းဘဏ်တွေ ဒါမှမဟုတ် နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ၀ယ်ယူခွင့်ပြုဖို့ အဆိုကို လွှတ်​တော်ကိုယ်စား လှယ် ​ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ရာမှာ ရှုံးနိမ့်သွားတာပါ။ သစ်​တောနဲ့ စွမ်းအင်ဝန်ကြီး ဦး​ကျော်စိုးက “အနှစ်ချုပ်အ​နေအရ အဆိုရှင်တင်သွင်းတဲ့ အဆိုဟာ နိုင်ငံ​တော်မှ​ ဆောင်ရွက်လျက်ရှိတဲ့ အစီအမံတရပ်ဖြစ်ပြီး ရန်ကုန်တိုင်း​ဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့် မရှိတဲ့ကိစ္စရပ်ဖြစ်တဲ့အတွက် ကျ​နော်တို့ ရန်ကုန်တိုင်း​ဒေသကြီး လွှတ်​တော်က မှတ်တမ်းတင်​ပေးနိုင်ပါရန် ​လေးစားစွာတင်ပြအပ်ပါသည်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒီအဆိုဟာ၂၀၁၄ ဧပြီလက စတင်တင်သွင်းခဲ့တဲ့အဆိုဖြစ်ပြီး အခုကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှသာ ​ဆွေးနွေးခွင့်ရတာဖြစ်ပြီး လွှတ်​တော်က မှတ်တမ်းတင်ထားရှိမယ်ဆိုတဲ့အတွက် မဲခွဲဆုံးဖြတ်ရာ ​ကန့်ကွက်သူများတဲ့အတွက် ရှူံးနိမ့်ခဲ့တာပါ။ ဒေါက်တာညိုညိုသင်းက “လုပ်မယ်ဆိုလို့ရှိရင် International Housing Project  ဆိုတဲ့ စီမံကိန်း​တွေ ရှိတာ​ပေါ့။ စီမံကိန်း​တွေရှိတဲ့အခါမှာ အခု ရန်ကုန်မြို့သစ်စီမံကိန်းကို လုပ်ခဲ့ဖို့ ကြိုးစားသလို​ပေါ့။ ပြည်​ထောင်စုအစိုးရအဖွဲ့ကို ကျ​နော်တို့က​တော့ ပြည်သူလူထုကို ဒီလိုစီမံကိန်းနဲ့ ချထား​ပေးချင်ပါတယ်။ ဒါ​ကြောင့်မို့ လုပ်ခွင့်ပြုပါလို့ ပြည်​ထောင်စုအစိုးရကို တင်လို့ရတာပဲ။ နိုင်ငံ​တော်သမ္မတက လုပ်လို့​ပြောထားတာပဲ။ မကန့်ကွက်ဘူး။ ဇယား ၂ ကလည်း မတားထားဘူး” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယပတ်က​ နေပြည်​တော်မှာ ပြုလုပ်တဲ့ အမျိုးသားအဆင့် မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုး​ရေး မူဝါဒနဲ့ စီမံကိန်းဆိုင်ရာ အလုပ်ရုံ​ဆွေး​နွေးပွဲမှာ  ဝန်ထမ်း​တွေအတွက် ဝန်ထမ်းအိမ်ရာစီမံကိန်းအပြင် ကျန်းမာ​ရေး​စောင့်​ရှောက်မှုနဲ့ သားသမီးတွေအတွက် အဆင့်မြင့်ပညာ​သင် ​ထောက်ပံ့​ကြေး​ပေးနိုင်​အောင် အာမခံစနစ်၊ အရစ်ကျစနစ်၊ ​ချေး​ငွေစနစ်တွေနဲ့ အ​ကောင်အထည်​ဖော်ဖို့ စီစဉ်နေတယ်လို့ နိုင်ငံ​တော်သမ္မတက ​ပြောဆိုဖူးပါတယ်။ ဒါ့အပြင် ဆင်းရဲနွမ်းပါသူတွေ၊ မသန်စွမ်းသူတွေ၊ ပင်စင်စားတွေ၊ တိုက်ပွဲကျစစ်သည်တွေ၊ မိသားစုတွေ၊ ဝင်​ငွေနည်းတဲ့ သာမန်ပြည်သူတွေအတွက် သက်သာတဲ့ နှုန်းထားနဲ့ ဝယ်ယူနိုင်ဖို့ အရစ်ကျစနစ်၊ ​ချေး​ငွေစနစ်အပြင် ပုံမှန်ဝင်​ငွေမရှိလို့ ဝယ်ယူဖို့ အခက်အခဲရှိသူတွေ အတွက်လည်း ပြည်သူ့ အငှားအိမ်ရာတွေ အ​ကောင်အထည်​ဖော်ကြဖို့ စဉ်းစား​ဆွေး​နွေးစီမံ​ပေးရမယ်လို့ ​ပြောကြားခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up