A d v e r t i s e m e n t With Us

၂၀၁၄ ခုနှစ် အပူဆုံးနှစ်ဖြစ်နိုင်ဟု ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီး ပြော

ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (ဒဗလျူအမ်အို) က ၂၀၁၄ ခုနှစ်ဟာ မှတ်တမ်းတင်ထားသမျှ အပူဆုံးနှစ်ဖြစ်နိုင်တယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့က အစီရင်ခံစာထုတ်ပြန် ပြောဆိုပါတယ်။ ဒါဟာ ဖန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းမှု တိုးလာလို့ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်မှာ အပူချိန် စံချိန်တင် တိုးလာတဲ့အတွက် ဖြစ်တဲ့ ရလဒ်သက်သေလို့ ဆိုပါတယ်။ 801228-animatedglobalwarmingclimatechange-1417623069-890-640x480ကမ္ဘာ့ကုန်းမြေနဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေဟာ ၂၀၁၄ မှာ ခါတိုင်းပျမ်းမျှ အပူချိန်ထက် ၀.၅၇ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုပူခဲ့တယ်လို့ ဒဗလျူအမ်အိုက ညွှန်ပြပါတယ်။ ကမ္ဘာ့တောင်ပိုင်းမှာ အယ်လ်နီနို ရာသီဥတုဖြစ်စဉ် အလှည့်အပြောင်း အပြည့်မရှိမှု ဖြစ်ခဲ့တယ်။ ဒါကြောင့် အရှေ့ပိုင်းပစိဖိတ် အပူပိုင်းဒေသမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန် ခါတိုင်းထက် ပိုနွေးလို့ တကမ္ဘာလုံးက ရာသီဥတုဖြစ်စဉ်တွေအပေါ် သက်ရောက်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်မှုနဲ့ တခြား အချက်အလက်တွေ စုပေါင်းတဲ့အတွက် ခြွင်းချက်မဲ့ မိုးကြီးမှုနဲ့ ရေလွှမ်းမိုးမှုတွေ နိုင်ငံအများအပြားမှာ ကြုံတွေ့နိုင်ပြီး တခြားတဖက်က နိုင်ငံတွေမှာတော့ အစွန်းရောက် မိုးခေါင်မှုဒဏ်ကို ခံရမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up