A d v e r t i s e m e n t With Us

တောင်ကိုရီးယား သင်္ဘောသားများကို ရှာဖွေရန် အရေးပေါ် လေနှင့်ရေ ယာဉ်များ စေလွှတ်မည်

ဒီဇင်ဘာလ ၁ ရက်နေ့က ရုရှားနိုင်ငံအရှေ့ပိုင်း ဘေရင် ပင်လယ်ပြင်မှာ နစ်မြုပ်သွားခဲ့တဲ့ တောင်ကိုရီးယား ငါးဖမ်းသင်္ဘောရဲ့ သင်္ဘောသားတွေကို ရှာဖွေဖို့ အရေးပေါ် လေယာဉ်၊ ရေယာဉ်တွေ စေလွှတ်မယ်လို့ တောင်ကိုရီးယားအစိုးရက ကြာသပတေးနေ့က ကြေညာပါတယ်။ 320_2014_12_03_10_13_02လက်ရှိအချိန်အထိ သင်္ဘောသား ၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ပါတယ်။ အယောက် ၃၀ ကျော် ဆက်လက်ပျောက်ဆုံးနေ ဆဲလို့ တောင်ကိုရီး ယားအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ တောင်ကိုရီးယားရေတပ်ရဲ့ ကင်းလှည့်လေယာဉ် ၂ စီးနဲ့ ကမ်းခြေစောင့်တပ်က ကင်းလှည့်ရေယာဉ်တစီး အမြန်ဆုံးစေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရ ပြည်ပရေးရာဆိုင်ရာဗျူရိုယို ဒုညွှန်ချုပ် Kwon Ki-hwan က အရေးပေါ်အစည်းအဝေးအပြီးမှာ ပြောဆိုပါတယ်။ သင်္ဘောသားအားလုံး ၆၀ လိုက်ပါသွားကြပြီး အများစုက အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ကြပါတယ်။ ငါးဖမ်းသင်္ဘောကုမ္ပဏီ Sajo ကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး ကျူနာငါးဖမ်းသင်္ဘောတွေကို ပိုင်ဆိုင်တဲ့ကုမ္ပဏီဖြစ်ပြီး နှစ်မြုပ်သွားတဲ့ ငါဖမ်းသင်္ဘောဟာလည်း သက်တမ်း ၃၆ နှစ်ရှိပြီလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up