Home
မြန်မာသတင်း
ကမ်းနားလမ်းရထား​ပြေးရင် ဘုန်းကြီးလမ်း ယာဉ်ဝင်ထွက်​ပေါက်ပိတ်မည်
DVB
·
December 5, 2014
ရန်ကုန်မြို့တွင်းက ကမ်းနားလမ်းတလျှောက် ရထား​ပြေးဆွဲတဲ့အခါ ကမ်းနားလမ်းဟောင်းနဲ့ ကမ်းနားလမ်းသစ် ဆက်သွယ်ထားတဲ့ ဘုန်းကြီးလမ်းဝင်ထွက်​ပေါက်ကို အပြီးပိတ်မယ်လို့ ရန်ကုန်မြို့​တော်ဝန်​ ဦးလှမြင့်က ​ပြောပါတယ်။ [caption id="attachment_72808" align="alignleft" width="331"]ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်[/caption] ရန်ကုန်ဆိပ်ကမ်း​တွေကို ၀င်​ရောက်ဖို့အတွက် ကမ်းနားလမ်းသစ်ကို ကမ်းနားလမ်း​ဟောင်းကနေ ယာဉ်ငယ်​တွေ တည့်တည့် ဖြတ် သန်းဖို့ ဖြတ်သန်း​ပေါက် ၅ ​ပေါက် ​ဖောက်ထား​ပေးပါတယ်။ ဒီဖြတ်သန်း​ပေါက် ၅ ပေါက်ထဲမှာပါဝင်တဲ့ ဘုန်းကြီးလမ်းဖြတ် သန်း​ပေါက်ဟာ အ​ရေး​ပေါ်ဖြတ်သန်း​ပေါက်အဖြစ် ရည်ရွယ်ထားရှိ ခဲ့​ပေမယ့် ယာဉ်​တွေက ဘုန်းကြီး လမ်း ဖြတ်သန်း​ပေါက်ကသာ အလွယ်တကူသွား​နေကြတဲ့အတွက် ယာဉ်​ကြောကြပ်တာ​တွေ ဖြစ်လာပါတယ်။ ဒါ​ကြောင့် မြို့ပတ်ရထား​ပြေးတဲ့အခါ ယာဉ်အန္တရာယ်ကင်း​စေဖို့ ဘုန်းကြီးလမ်းဖြတ်သန်း​ပေါက်ကို လုံးဝပိတ်သိမ်းပြီး အဲ့ဒီအစား ကမ်းနားလမ်းသစ်​ပေါ်သို့ တက်​ရောက်ပြီး ဆိပ်ခံ​ဘောတံတား​ပေါ်ကို သွား​ရောက်နိုင်တဲ့ ၀င်ထွက်​ပေါက်ဖြစ်တဲ့ သစ်​တောလမ်းဖြတ်သန်း​ပေါက်ကိုသာ အသုံးပြုသွား​တော့မယ်လို့ ရန်ကုန်မြို့​တော်ဝန် ဦးလှမြင့်က ဒီဇင်ဘာလ ၅ ရက်​နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း​ဒေသကြီးလွှတ်​တော်မှာ ​ပြောလိုက်ပါတယ်။ ဒီဇင်ဘာ ၇ ရက်​နေ့မှာ  မြန်မာ့မီးရထားက RBE ရထား ၂ စင်းနဲ့ ဘူတာ စုစု​ပေါင်း ၁၁ ခုထားပြီး ရန်ကုန်ကမ်းနားလမ်းတလျှောက်မှာ  စတင်ပြေးဆွဲဖို့ရှိ​နေပါတယ်။ စမ်းသပ်​ပြေဆွဲမှုအောင်မြင်ပါက ရထားစီး​ရေ တိုးချဲသွားဖို့လည်း ရှိ​နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024