A d v e r t i s e m e n t With Us

ကမ်းနားလမ်းရထား​ပြေးရင် ဘုန်းကြီးလမ်း ယာဉ်ဝင်ထွက်​ပေါက်ပိတ်မည်

ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်
ရန်ကုန်မြို့တွင်းက ကမ်းနားလမ်းတလျှောက် ရထား​ပြေးဆွဲတဲ့အခါ ကမ်းနားလမ်းဟောင်းနဲ့ ကမ်းနားလမ်းသစ် ဆက်သွယ်ထားတဲ့ ဘုန်းကြီးလမ်းဝင်ထွက်​ပေါက်ကို အပြီးပိတ်မယ်လို့ ရန်ကုန်မြို့​တော်ဝန်​ ဦးလှမြင့်က ​ပြောပါတယ်။ [caption id="attachment_72808" align="alignleft" width="331"]ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်[/caption] ရန်ကုန်ဆိပ်ကမ်း​တွေကို ၀င်​ရောက်ဖို့အတွက် ကမ်းနားလမ်းသစ်ကို ကမ်းနားလမ်း​ဟောင်းကနေ ယာဉ်ငယ်​တွေ တည့်တည့် ဖြတ် သန်းဖို့ ဖြတ်သန်း​ပေါက် ၅ ​ပေါက် ​ဖောက်ထား​ပေးပါတယ်။ ဒီဖြတ်သန်း​ပေါက် ၅ ပေါက်ထဲမှာပါဝင်တဲ့ ဘုန်းကြီးလမ်းဖြတ် သန်း​ပေါက်ဟာ အ​ရေး​ပေါ်ဖြတ်သန်း​ပေါက်အဖြစ် ရည်ရွယ်ထားရှိ ခဲ့​ပေမယ့် ယာဉ်​တွေက ဘုန်းကြီး လမ်း ဖြတ်သန်း​ပေါက်ကသာ အလွယ်တကူသွား​နေကြတဲ့အတွက် ယာဉ်​ကြောကြပ်တာ​တွေ ဖြစ်လာပါတယ်။ ဒါ​ကြောင့် မြို့ပတ်ရထား​ပြေးတဲ့အခါ ယာဉ်အန္တရာယ်ကင်း​စေဖို့ ဘုန်းကြီးလမ်းဖြတ်သန်း​ပေါက်ကို လုံးဝပိတ်သိမ်းပြီး အဲ့ဒီအစား ကမ်းနားလမ်းသစ်​ပေါ်သို့ တက်​ရောက်ပြီး ဆိပ်ခံ​ဘောတံတား​ပေါ်ကို သွား​ရောက်နိုင်တဲ့ ၀င်ထွက်​ပေါက်ဖြစ်တဲ့ သစ်​တောလမ်းဖြတ်သန်း​ပေါက်ကိုသာ အသုံးပြုသွား​တော့မယ်လို့ ရန်ကုန်မြို့​တော်ဝန် ဦးလှမြင့်က ဒီဇင်ဘာလ ၅ ရက်​နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း​ဒေသကြီးလွှတ်​တော်မှာ ​ပြောလိုက်ပါတယ်။ ဒီဇင်ဘာ ၇ ရက်​နေ့မှာ  မြန်မာ့မီးရထားက RBE ရထား ၂ စင်းနဲ့ ဘူတာ စုစု​ပေါင်း ၁၁ ခုထားပြီး ရန်ကုန်ကမ်းနားလမ်းတလျှောက်မှာ  စတင်ပြေးဆွဲဖို့ရှိ​နေပါတယ်။ စမ်းသပ်​ပြေဆွဲမှုအောင်မြင်ပါက ရထားစီး​ရေ တိုးချဲသွားဖို့လည်း ရှိ​နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up